-14-
4K 366 5
Zawgyi
နှလုံးသားလေးကို ဆေးကုလိုက်ရင် နာကျင်တာတွေ ပျောက်သွားမယ်လို့ သိခဲ့တယ်။သက်လယ်က မောင့်နှလုံးသားလေးကို အထပ်ထပ်အခါခါ မွှန်းနေတော့ ဘယ်တော့များမှ ဒီနှလုံးသားက အကောင်းတိုင်း ဖြစ်နိုင်တော့မှာလဲဗျာ…။
••••••
ရှောင်းကျန့်က ငါးဗူးမြောက် ဘီယာဗူးကို တစ်ချိုက်တည်းပင်
မော့ချလိုက်လေသည်။ဘေးနားတွင် မဖောက်ရသေးသော
ဘီယာသုံးဗူးလေးလည်း ရှိသည်။စုစုပေါင်းဆယ်ဗူးမှာ ဝမ်ရိပေါ်က နှစ်ဗူးသောက်ထားလေသည်။
ရှောင်းကျန့်က နည်းနည်းလေး ရီဝေဝေဖြစ်လာပြီ ဖြစ်သည်။
ဝမ်ရိပေါ်ကတော့ ဘာဖြစ်မှာလဲ။ဒီအတိုင်း ရှောင်းကျန့် ဘီယာသောက်လိုက်ရင် နှုတ်ခမ်းလေးသပ်လိုက်တာကအစ အစအဆုံးကို ငေးကြည့်နေတာ။
"ဝမ်ရိပေါ်"
ရီဝေဝေမျက်လုံးလေးတွေက သူ့ ဘက်လှည့်လာပြီး သူ့ အား
စိုက်ကြည့်လာလေသည်။
"ပြောပါဗျ"
"မင်းက လူဆိုးပဲ…"
စပါပြီ။ဒါ အမူးသမားတွေ ရစ်နည်းပါပဲ။
ဝမ်ရိပေါ်ကတော့ ဒီည ကျိန်းသေကို အရစ်ခံတော့မှာ။
"ကျွန်တော် ဘယ်နားမှာ ဆိုးနေလို့လဲ?
ငယ်ငယ်ကတည်းက ဒီလောက် လိမ်မာတာကို"
ရှောင်းကျန့်က သူ့ ကို မကြည်သလို ကြည့်လာပြီး ဟွန့်ကနဲ
နှာမှုတ်လေတယ်။နှုတ်ခမ်းလေးကလည်း ချွန်ထွက်နေသေး။
ဝမ်ရိပေါ်ကို ရူပကာနဲ့ အသေသတ်နေတာ ဒီရှောင်ရှောင်းကျန့်က…။
ဝမ်ရိပေါ်ရဲ့ ပါးတွေကို လက်ညိုးလေးဖြင့် ထိလာပြန်တယ်။
ပြီးတော့ တဖြည်းဖြည်း ထိုးကြည့်နေတယ်။
"ငယ်ငယ်တုန်းကလောက် မဖောင်းတော့ဘူး"
"အင်း"
"အိကျိအိကျိလေး ကိုင်ရတာ ကြိုက်တယ် ဟီး"
အနီးကပ်မြင်လိုက်ရတဲ့ အပြုံးလေးကဗျာ ဘယ်လိုပြောရမလဲ
ကျွန်တော် တစ်ခါမှ မမြင်ဖူးတော့ ထကုန်မတတ်ဘဲ။
လှလိုက်တာမှ…ချစ်ဖို့ကောင်းလိုက်တာမှ!
ပါးချိုင့်ရေးရေးလေးရယ် အရှေ့သွားကြီးကြီး နှစ်ချောင်းလေးရယ်!