-1-
6.1K 469 8
Zawgyi
လူတွေက ပြောကြတယ် သက်လယ်…။
အရက်က မူးစေတယ်တဲ့။
ဒါပေမယ့် မင်းကတော့ မောင့်ကို ရူးစေခဲ့တယ် သိလား။
•••••••••
ဝမ်ရိပေါ်ရဲ့မားက တစ်ဦးတည်းသောသားလေးကို အခြားကလေးများရဲ့တန်းတူ ကျောင်းထားတယ်။အဆင်ပြေသော သူများသားသမီးတွေနဲ့ ပညာကို အတူတူရစေချင်ခဲ့သည်။သူမလိုမျိုး
ပညာနည်းတဲ့သူလို သားလေးကို မဖြစ်စေချင်ခဲ့ဘူး။
သားလေးအဆင်ပြေပြေနေနိုင်ဖို့ သူမ ရရာအလုပ်ကိုလုပ်ဖို့ ကြိုးစားဖြစ်ခဲ့တယ်။ကံကောင်းချင်တော့ အိမ်ဘေးကပ်က အိမ်မှာ ချက်ပြုတ်တဲ့သူဖြစ်ဖို့ ဖြစ်လာခဲ့တယ်။
ဒါက သူတို့သားအမိနှစ်ယောက်အတွက် အရမ်းကို အဆင်ပြေတယ်။ကျောင်းပိတ်တဲ့ရက်တွေမှာ သားလေးကို ခေါ်လာလို့ ရတယ်ဆိုပြီး အိမ်ရှင်က ဆိုတယ်။
သူမရဲ့သားနှစ်ယောက်က အိမ်က ဝမ်နဲ့ ရွယ်တူနီးပါးလောက်ရှိတာကြောင့် အတူတူဆော့လို့ရတယ်လို့ ပြောလာခဲ့လေတယ်။အိမ်ပိုင်ရှင်သူဌေးမက  သဘောကောင်းပုံ ပေါ်သည်။
ဒါဟာ သူမတို့ သားအမိနှစ်ယောက်အတွက် ကံကောင်းမှုလေးသာ…။
"ကျောင်းမှာ ရန်မဖြစ်ရဘူးနော် ဝမ်။
စာကို သေသေချာချာသင်ယူပြီး ပညာတတ်ကြီး ဖြစ်အောင်သာ ကြိုးစား။မားလို မဖြစ်စေနဲ့။မားမှာ ပေးစရာအမွေဆိုလို့
ဒီလိုကျောင်းထားပေးနိုင်တဲ့အရာလေးပဲ ရှိတယ်။ဒါကို ဝမ်က ယူတတ်အောင်ယူ ကြားလား ဝမ်"
ကျောင်းဝတ်စုံလေးအား သေသေသပ်သပ်ဖြစ်အောင် လုပ်ပေးရင်း မားက ပြောလေသည်။သူ့ နဖူးပြင်အား ခပ်ဖွဖွလည်း နမ်းသေးသည်။သူကလည်း မားရဲ့ ပါးတစ်ချက်စီကို နမ်းရှိုက်လိုက်သည်။
"ဟုတ်ကဲ့ပါ မား။
သား ကြားပါတယ်။မားပြောတာတွေကို နားထောင်ပါ့မယ်"
မားက ရယ်ရင်း သူ့အား ဖက်လာလေသည်။
"မားအသက်လေး!"
••••••••••
ကျောင်းရောက်တော့ မည်သူ့ ကိုမျှ စကားမပြောဘဲ လူလွတ်နေသော ခုံတစ်ခုံမှာ ဝင်ထိုင်ပြီး ငြိမ်ငြိမ်လေးသာ ထိုင်နေမိသည်။