-3-
4K 438 19
Zawgyi
သက်လယ်…မောင့်ကို အကြောင်းပြချက်မရှိ မုန်းနေမယ့်အစား မောင့်ရင်ခွင်ထဲမှာ ခေါင်းလေးဝှေ့ပြီး ငြိမ်ငြိမ်လေးနေကြည့်ပါလား? မောင့်ရင်ခုန်သံတွေက သက်လယ်အတွက်
သာယာတဲ့ သံဇဉ်လေးတွေအဖြစ် ပြောင်းလဲသွားမှာ…။
••••••••••
ရှင်းယန်က ဝမ်ရိပေါ်ဘေးနားကနေ ကပျာကသီ ထသွားပြီး
ရှောင်းကျန့် ရှေ့သို့ သွားလေသည်။
"ရှောင်းကောကလည်း…ဝမ်ရိပေါ်က ရှင်းယန်ရဲ့ အတန်းဖော်ပဲကို။အဲ့လောက်ထိ အသဲအသန် ဖြစ်မနေပါနဲ့!
ဘာလဲ…ကောက သဝန်တိုနေတာလား?"
ရှင်းယန်စကားကြောင့် ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ဟာ မထင်မှတ်ထားစွာပင် အကြည့်ချင်းဆုံသွားလေသည်။ရှောင်းကျန့်ဘက်က အကြည့်လွှဲသွားပေမယ့်လည်း ဝမ်ရိပေါ်က ဆက်ကြည့်နေခဲ့လေသည်။မျက်ဝန်းသွယ်သွယ်လေးအထဲက မျက်ဆံလေးတွေ ရွှေ့ လျားနေပုံက ကြည့်ကောင်းသား…။
"ငါက ဘာလို့ သဝန်တိုရမှာလဲ!"
"မသိဘူးလေ…
ရှောင်းကောက ဝမ်ရိပေါ်ကို ကြည့်မရဘူးဆိုပြီး သဝန်တိုနေသလားလို့"
"နင့်ပါးစပ်ကို အခုချက်ချင်း ပိတ်လိုက်ရင် ကောင်းမယ်နော် ရှင်းယန်"
ရှောင်းကျန့်က စိတ်ဆိုးဟန် ဖြစ်လာတော့ ရှင်းယန်လည်း စ,နေတာကို ရပ်လိုက်တော့ရသည်။
"နင် အခု ငါနဲ့ ပြန်လိုက်ခဲ့မလား
ဒီမှာပဲ နေခဲ့မလား"
"ရှောင်းကောက ကိုယ့်ဘာသာကိုယ့်အတန်းကို ပြန်ပေါ့!
ရှင်းယန်လည်း ကိုယ့်သူငယ်ချင်း ကိုယ်ခေါ်ပြီး ကိုယ့်အတန်းကို  ပြန်မှာပေါ့"
ရှောင်းကျန့်က ဘာမှမပြောတော့ဘဲ ဝမ်ရိပေါ်ဘက်ကို တစ်ချက်ကြည့်လို့ မျက်စောင်းခဲကာ ထွက်သွားတော့သည်။
ဝမ်ရိပေါ်ကတော့ အခုထက်ထိပင် အကြည့်တစ်ချက်လေးမှ လွှဲမသွားခဲ့ပေ။ဘာရယ်မဟုတ်ပါဘူး…ကြည့်ကောင်းနေလို့!
••••••••••
အခုဆို ဝမ်ရိပေါ်က အသက် ဆယ့်သုံးနှစ်ကျော်ကျော် ဆယ့်လေးနှစ်ထဲ ဝင်လာပြီ ဖြစ်သည်။ရှောင်းအိမ်တော်မှာ ပြောင်းနေဖြစ်ခဲ့ပေမယ့်လည်း ရှောင်းကျန့်ဆိုသူနဲ့တော့ တစ်ခါမှ မတည့်ခဲ့ပေ။