-6-
3.9K 391 13
Zawgyi
မြတ်နိုးခွင့်တွေကသာ ရေတွက်လို့ရမယ်ဆိုရင် သက်လယ်အတွက် အဆုံးမရှိသော မောင့်အချစ်တွေကို ရေတွက်ပြလိုက်ချင်ပါတယ်။သက်လယ်ကသာ မောင့်အချစ်ဦး မဟုတ်သေးဘူး…မောင့်အချစ်ဆုံးလို့ ပြောရင် မှန်မယ်…။
••••••••
နှစ်ဆယ့်ခြောက်နှစ်ကျော်ကျော်ဖြစ်လာသည့် ရှောင်းကျန့်က
ရင့်ကျက်နေဟန် ရှိသလို ဘေးနားမှာ ပါရီဖြည့်ဖက် လက်တွဲဖော် မိန်းကလေးလည်း ရှိနေပြီ ဖြစ်သည်။
တရားဝင်မကြေငြာရသေးပေမယ့် မေယွမ့်လို မိန်းကလေးမျိုးကသာ သူ့ လက်တွဲဖက်ဖြစ်ထိုက်သင့်တယ်လို့ သူ စိတ်ထဲတွင် ခံယူပြီးသား…။
ဘယ်လိုအကြောင်းမျိုးနဲ့မှ မင်္ဂလာအခန်းထဲ လက်တွဲလို့ ဝင်မည်သူဟာ အခြားတစ်ယောက် ဖြစ်လာနိုင်ဖွယ် မရှိပေ။
"ရန်ရန်"
"ဟုတ် ကော"
ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာသည့် ရှောင်းရန်ကို
ရှောင်းကျန့်က လှမ်းခေါ်လိုက်သည်။
"ဘယ်သွားမလို့လဲ"
"မင်းသား ဝမ်ရိပေါ်ဆီ သွားမလို့ ကော!
မတွေ့ တာကြာပြီဆိုတော့လည်း စကားပြောကြရင်း အလုပ်အကြောင်းလေးလည်း ပြောမယ်နော်"
"သူက အဲ့လိုပဲ အားတာလား"
ရှောင်းကျန့်က မျက်ခုံးတွေ တွန့်ချိုးထားလေသည်။
"သူ့ မန်နေဂျာပြောတာတော့ ရုံးမှာ ရှိမယ်တဲ့။
ညနေလောက်မှ ရိုက်ဖို့ တစ်ခုတော့ ရှိတယ်"
"သိပ်လည်း မကြာနဲ့"
"ဟုတ် ကော…
ဒါနဲ့ ကောရော လိုက်ဦးမလား"
ရှောင်းကျန့်က ရှောင်းရန်ကို အလိုမကျစွာ ကြည့်လိုက်သည်။
"ငါက ဘာလို့ လိုက်ရမှာလဲ?"
"ဒီအတိုင်း သူငယ်ချင်းကို တွေ့ ဖို့ပေါ့"
"ငါနဲ့သူနဲ့က ဘယ်တုန်းကမှ သူငယ်ချင်း မဖြစ်ဘူး…
အခုရော နောင်ရော…"
ရှောင်းကျန့်က နောက်ပြန်လှည့်ပြီး အပေါ်ထပ်သို့ တက်သွားလေသည်။