⭐One⭐

24.1K 1.9K 193
                                        

(Unicode)

"အားလုံးတော်ကြပါတယ်၊ နားလို့ရပါပြီ"

တိုက်ကွမ်ဒို နည်းပြဆရာ၏ စကားအဆုံး ‌တိုက်ကွမ်ဒိုကျောင်းသားများက အတန်းဖြုတ်ကာ ရေသောက်သူသောက်၊ ခုံတွင် ဝင်ထိုင်သူထိုင်နဲ့ အမောဖြေကြသည်။

ထိုထဲတွင် ဂျောင်ဂုလည်းအပါအဝင်။ အခန်းထောင့်တွင် အသင့်ရှိ‌သော ရေဘူးတစ်ဘူးကို ယူကာ အခန်းပြင်သို့ ထွက်လာလိုက်သည်။

"ဟယ် ဂျောင်ဂု"

"ဂျောင်ဂုလာပြီ"

"ချောလိုက်တာ ကြည့်ပါဦး"

"တိုက်ကွမ်ဒိုဝတ်စုံက ဂျောင်ဂုနဲ့မှ ပိုကြည့်ကောင်းနေလိုက်တာ"

အခန်းပြင်ရောက်သည်နှင့် အနားရှိ မိန်းကလေးတွေရဲ့ အသံ‌များက ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့ ဂျောင်ဂုမှာ ထိုမိန်းကလေးများဘက်လှည့်ပြီး အသာပြုံးပြလိုက်သည်။ ပြီးမှ ရေဘူးအဖုံးကို ဟန်ပါပါဖွင့်ပြီး မော့သောက်ပြလိုက်တော့ အော်သံများက ပိုမိုကျယ်‌လောင်လာကြသည်။

ရေကိုမော့သောက်နေသည်မို့ မေးရိုးမှာ ထင်းနေပြီး ချွေးစလေးများ ရွဲနေသည်ကပင် ဆွဲဆောင်မှု တစ်ရပ်လိုဖြစ်နေတော့တာ။

"ဟိုမှာ ထယ်ယောင်း"

"ဟင် ဘယ်မှာလဲ"

"ထယ်ယောင်းက ချောလိုက်တာ"

ရုတ်တရက် အသံတစ်ချို့ကြားလိုက်ရသည်မို့ ဂျောင်ဂုလည်း ဘာရယ်မဟုတ် မိန်းကလေးများ ကြည့်နေသောဘက်ကို တစ်ချက်ဝေ့ကြည့်လိုက်မိသည်။

ကျောင်းတွင် ဂျောင်ဂုကဲ့သို့ ပေါ်ပြူလာဖြစ်သော ကင်ထယ်ယောင်းပင်။

နားကြပ်လေးတပ်ကာ သီချင်းနားထောင်နေဟန်၊ ဖုန်းလေးကိုင်ပြီး တငြိမ့်ငြိမ့်‌လမ်းလျှောက်လာပုံက မြင်ရသူ ဣတ္ထိရတို့၏ နှလုံးသားကို ယူသွားသကဲ့သို့။

ဂျောင်ဂု မျက်မှောင်ကုတ်မိသည်။ ထိုအခိုက်မှာပဲ ထယ်ယောင်းက မျက်လုံးလေးလှန်ကြည့်လာကာ မျက်စိရှေ့က ဂျောင်ဂုကို တွေ့တော့ တစ်ချက်ပြုံးသည်။ ရွဲ့ပြုံး။ ပြီးမှ နားထဲက နားကြပ်လေးနှစ်ဖက်ကိုအသာဆွဲဖြုတ်လိုက်ရင်း

Popular Two Top [Completed]Where stories live. Discover now