⭐Nine⭐

15K 1.6K 155
                                    

(Unicode)

"ဂျောင်ဂု၊ တိုက်ကွမ်ဒို class သွားရအောင်၊ အဲ့ကောင်ကို ထားခဲ့လိုက်တော့"

ဂျယ်ဟွန်းက ဂျောင်ဂုပုခုံးကိုဖက်ရင်း အွန်းဝူဘက်သို့ လှည့်ကာ ပြောလာသည်။ ဂျယ်ဟွန်းစကားကြောင့် အွန်းဝူက ဖုန်းသုံးနေရင်း မျက်စောင်းနဲ့ တစ်ချက်စိုက်ကြည့်လိုက်သည်။ အဲ့တော့မှ ဂျယ်ဟွန်းက ပြုံးစိစိပြန်လုပ်ပြ၏။

"ဂျောင်ဂု..မသွားဘူးလား"

"ငါဒီနေ့ မ join တော့ဘူး၊ မင်းပဲ သွားတော့"

ဂျောင်ဂုစကားကြောင့် ဂျယ်ဟွန်း မျက်လုံးတွေ ဝိုင်းစက်ကုန်သည်။ ဒီရက်ပိုင်း ဂျောင်ဂုက စာသင်ခန်းထဲပဲ ဝင်နေတာများပြီး အရင်လို အားကစားရုံထဲ သွားတာတွေလည်း မရှိ။ အခု တိုက်ကွမ်ဒို class ကိုပါ ငြင်းလာပြီ။

"မင်းအခုတလော ဘာဖြစ်နေတာလဲ၊ မျက်နှာလည်း မကောင်းဘူး၊ နေမကောင်းတဲ့ပုံလည်း မဟုတ်ပဲနဲ့"

"ဒီလိုပါပဲ စိတ်မပါလို့ပါ"

"အိုကေလေ၊ ဒါဆို ငါသွားတော့‌မယ်"

ဂျယ်ဟွန်းက သူ့ကျောပိုးအိတ်ကို လွယ်ရင်း ပြောတော့ ဂျောင်ဂုက ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး အွန်းဝူက ဖုန်းကို အကြည့်မလွှဲဘဲ လက်မထောင်ပြလာသည်။

ဂျယ်ဟွန်းထွက်သွားတော့မှ ဂျောင်ဂုလည်း ဖုန်းကို ထုတ်ကြည့်မိသည်။ ‌နေ့လယ် ၂နာရီ ၂မိနစ်ရှိပြီ။ အတန်းထဲ ဆရာ မဝင်သေးသည်မို့ ကျောင်းသား‌တွေရဲ့ စကားသံညံညံကသာ အခန်းထဲ စိုးမိုးနေသည်။

ဒီနေ့နဲ့ဆို ထယ်ယောင်း ကျောင်းမလာတာ သုံးရက်။ နောက်ဆုံးတွေ့ခဲ့ရတာက သူဖျားနေသ၍ ကျောင်းကနေ Taxi ငှားပေးလိုက်သည်က နောက်ဆုံးဖြစ်သည်။ အတင်းအကြပ်ငြင်းနေသူကြောင့် ထိုနေ့က အိမ်အထိ လိုက်မပို့ဖြစ်ပါ။

ထူးဆန်းသည်က ထယ်ယောင်းကျောင်းတွင် မရှိတော့ ဂျောင်ဂုကိုယ်တိုင်လည်း ကျောင်းတက်ရတာစိတ်မပါသလို။ အားကစားရုံလည်း မရောက်ဖြစ်၊ တိုက်ကွမ်ဒို class လည်း မ join ဖြစ်။

အင်တာနက်ပေါ်တက်လိုက်သည်နှင့် ထယ်ယောင်းနဲ့ မိမိရဲ့ သတင်းတွေက ကျောင်း group တွေထဲမှာ ပြန့်၍ မဆုံး။ လက်တွဲထားသည့်ပုံများကို ရှုထောင့်မျိုးစုံကနေ လူမျိုးစုံက ရိုက်ထားကြခြင်းပင်။ ဒါတွေကို ဖျားနေတဲ့သူရော သိရဲ့လား။

Popular Two Top [Completed]Where stories live. Discover now