⭐Twenty - Five⭐

13.9K 1.4K 123
                                    

(Unicode)

"ဟုတ် ဒါဆို ကျွန်တော် ထယ်ယောင်းနဲ့ ခဏနေ‌ပေးလိုက်ဦးမယ်"

ပြောပြီးတာနဲ့ ဂျောင်ဂုက နား,နားကပ်ထားသော ဖုန်းလေးအား ချလိုက်သည်။ ထယ်ယောင်းနဲ့ နေပေးဖို့ အမေ့ကို လှမ်းပြောခြင်းပင်။

အနောက်ကို ပြန်လှည့်ကြည့်တော့ စားပွဲတွင် ထိုင်လျက် ခေါက်ဆွဲပြုတ်ကို တရှူးရှူးစားနေသော ထယ်ယောင်းကို တွေ့ရသည်။ ဂျောင်ဂု နှုတ်ခမ်းထောင့်လေး အလိုအလျောက် ကွေးညွတ်သွား၏။ ပြီးမှ အနားကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး ထယ်ယောင်းဘေးတွင် ဝင်ထိုင်လိုက်သည်။

"အဖေနဲ့ အမေကို ပြောပြီးသွားပြီ၊ ငါမင်းနဲ့ အတူ နေလို့ရပြီ"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းက စားလတ်စခေါက်ဆွဲကို ရပ်လိုက်ကာ လှည့်ကြည့်လာသည်။

"ငါက တကယ့်ကို အရှုပ်ထုပ်ဖြစ်နေတယ်မလား"

"ပြောပြန်ပြီ၊ အဲ့လိုမဟုတ်ဘူး ငါ့သဘောနဲ့ငါ နေတာပါဆို၊ ပြီးတော့ ငါ့မိဘတွေကလည်း မင်းကို စိတ်ပူနေကြသေးတယ်"

"အားနာစရာကောင်းလိုက်တာ"

သူ့ကြောင့် ဒုက္ခ‌များနေရတယ် ထင်ပြီး အပြစ်သားပမာ ခေါင်း‌လေးငုံ့နေသော ထယ်ယောင်းအား ဂျောင်ဂုက ပုခုံးလေးမှ ခပ်ဖွဖွဖက်လိုက်သည်။

"မင်းအဲ့လို ထပ်ပြောရင် ငါတကယ်စိတ်ဆိုးလိုက်မှာနော် ထယ်‌ယောင်း"

နှုတ်ခမ်းလေးအနည်းငယ်စူကာ ပြောလာသော ဂျောင်ဂုက မိမိသိသော ဂျောင်ဂုနဲ့ နည်းနည်းမှ မဆိုင်။ ဂျောင်ဂုကိုကြည့်ပြီး ထယ်ယောင်း အနည်းငယ်ပြုံးကာ အရှေ့က ခေါက်ဆွဲပန်းကန်ကို လှမ်းယူလိုက်သည်။ ခေါက်ဆွဲများကို တူနဲ့ များများညှပ်ပြီး လေတဖူးဖူးမှုတ်ကာ ဂျောင်ဂု ပါးစပ်နားကို တေ့ပေးလိုက်သည်။

"ပါးစပ်ဟ"

ဂျောင်ဂုက ထယ်ယောင်း၏ အမိန့်ကို ငြင်းဆန်ခြင်းမရှိ၊ ပါးစပ်ဟပေးလာသည်။ ထယ်ယောင်းကိုယ်တိုင်ခွံကျွေးသည်မို့လားမသိ၊ ခေါက်ဆွဲများက သာမန်ထက် အရသာရှိလွန်းသည်။

"တောင်းပန်ပါတယ် ဂျောင်ဂု၊ အိမ်မှာ ခေါက်ဆွဲတစ်ထုပ်ပဲ ရှိမယ်လို့ မထင်လို့ပါ၊ ဗိုက်ဝမှာမဟုတ်ဘူးထင်တယ်"

Popular Two Top [Completed]Donde viven las historias. Descúbrelo ahora