⭐Four⭐

14.7K 1.6K 168
                                    

(Unicode)

ဂျောင်ဂုနဲ့ ထယ်ယောင်း လက်ဝှေ့ပြိုင်ထိုးမည်ဟူသော သတင်းက ဘယ်ကဘယ်လို ပြန့်သွားလဲမသိပါ။ အားကစားရုံ တစ်ဝက်လောက်က ကျောင်းသားကျောင်းသူများနဲ့ ပြည့်နေကြလေပြီ။ ကျောင်းသူများက ပိုများသည်။

ထယ်ယောင်းမှာ ဝူရှစ်နဲ့ ဆောဂျွန်းရှေ့ကနေ ဟန်ပါပါလျှောက်ရင်း အားကစားရုံထဲဝင်လာသည်နှင့် မိန်းကလေးများ၏ အော်သံ‌များ အစီအရီထွက်လာကြသည်။ ကွင်းလယ်တွင်တော့ ဂျောင်ဂုက ‌boxing လက်အိတ်အနက်ကို ဝတ်ထားပြီး အသင့်စောင့်နေလျက်။

ထယ်ယောင်း တစ်ချက်ပြုံးလိုက်ပြီး လွယ်ထားသော ကျောပိုးအိတ်ကို ချွတ်ကာ ဝူရှစ်လက်ထဲ ထည့်ပေးပြီး ကွင်းထဲသို့ ဝါရင့်ကစားသမားနှယ် ဝင်လာလိုက်သည်။

ဂျောင်ဂုကတော့ မိမိအား သနားစရာသတ္တဝါလို ကြည့်နေသည်မို့ ထယ်ယောင်းပို၍ ခံပြင်းမိသည်။ ကြမ်းပြင်တွင် အသင့်ချပေးထားသော boxing လက်အိတ် အနီရောင်လေးကို ဝတ်လိုက်ရင်း ဂျောင်ဂုဆီသို့ စူးရဲရဲ အကြည့်များ လွှတ်လျက်။

ဂျောင်ဂုက အပေါ်ထပ် ကုတ်အင်္ကျီချွတ်ထားသည်မို့ လက်မောင်းကြွက်သားများက ထင်ရှားနေကာ ပျိုမဒီတို့ အကြည့်မလွှဲနိုင်။

ထယ်ယောင်းလက်အိတ်ဝတ်ပြီးတာနဲ့ ဂျောင်ဂုက ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းကာ လက်သီးကို အသင့်အနေအထားပြင်ထားလိုက်သည်။ ဂျောင်ဂုပုံစံက တကယ့်ကို professional တစ်ယောက်ကဲ့သို့။

ထယ်ယောင်းလည်း တုန့်ဆိုင်းခြင်းမရှိ၊ ဂျောင်ဂု၏ မျက်နှာတည့်တည့်ကို ချိန်၍ ထိုးလိုက်ရာ၊ မထိ။ ဂျောင်ဂုက ချက်ချင်းရှောင်နိုင်ပြီး ထယ်ယောင်း၏ ဝမ်းဗိုက်အား တစ်ချက်ထိုးလိုက်သည်။ အားနဲ့ထိုးတာ မဟုတ်သော်ငြား အတွေ့အကြုံမရှိသူ ထယ်ယောင်းအဖို့ အတော်အောင့်သွားတာတော့ အမှန်။

သို့‌သော်လည်း ဟန်မပျက်ထိန်းရင်း ကိုယ်ကို ပြန်မတ်လာသည်။ ခုနကလို ဝင်မထိုးရဲတော့ဘဲ လက်နှစ်ဖက်ကို ပူး၍ ကာထားမိသည်။

ဂျောင်ဂုကလည်း ထယ်ယောင်းအခြေအနေကို သိသည်ထင်၊ သူဘက်က စ၍ ကာထားသော ထယ်ယောင်း၏ လက်ကို ဆက်တိုက်ထိုးလာသည်။ အားတော့ မထည့်ထား။

Popular Two Top [Completed]Where stories live. Discover now