Extra 4

8.1K 815 8
                                    

(Unicode)

မနက်နေရောင်ထွက်စအချိန်ဖြစ်သည်မို့ ငှက်ကလေးများ၏ တေးသီသံဟာလည်း မနက်ခင်းကို အလှဆင်ချေပြီ။

ဂျောင်ဂုဟာ ထိုအချိန်ကွက်တိတွင် နိုးလာသော်လည်း အမြဲစောစောနိုးနေကျ ထယ်ယောင်းကတော့ အခုထိ အိပ်မောကျနေဆဲ။

ဒီနေ့ကား ချူးဆော့လပြည့်နေ့မို့ မိဘများဆီ သွားရမည်ဖြစ်သည်။ သို့ပေမယ့် ညတုန်းက သောင်းကျန်းထားသည့် အရှိန်နဲ့ ထယ်ယောင်းဟာ ခုထိ နိုးမလာသေး။

ရင်ခွင်ထဲ မျက်နှာလေးအပ်ပြီး အိပ်မောကျနေပုံက ပကတိကလေးလေးတစ်ယောက်သဖွယ်။

"အချစ်"

ဂျောင်ဂု အသံထွက်၍ ခေါ်ကာ ထယ်ယောင်းအား နှိုးလိုက်သည်။ သို့ပေမယ့် ထယ်ယောင်းဟာ တုတ်တုတ်မလှုပ်သေး။ မနှိုးချင်သော်လည်း သွားရမည့်အချိန်နီးနေပြီမို့ ဂျောင်ဂုမှာ ထယ်ယောင်း ကိုယ်လုံးလေးကို အသာကိုင်လှုပ်နှိုးလိုက်သည်။

"အချစ်၊ အဖေနဲ့အမေဆီ သွားရဦးမယ်လေ၊ ထတော့နော်"

အဲ့တော့မှ ထယ်‌ယောင်းဟာ နိုးလာဟန်နဲ့ တအိအိအသံလေးများထွက်လာပြီး ဂျောင်ဂုရင်ခွင်ထဲ ပိုတိုးဝင်လာသည်။

"ထယ်ယောင်း... အချစ်၊ ထတော့လေ"

"မထချင်သေးဘူး"

အိပ်ချင်မူးတူးလေသံလေးနဲ့ ပြန်ပြောလာသော ထယ်ယောင်း။ ပြောပြီးတာနဲ့ ဂျောင်ဂုပေါ်ကို ခြေထောက်တစ်ချောင်းတင်ကာ ခွ၍ ဆက်အိပ်နေပြန်သည်။

"အိပ်ရေးမဝသေးဘူးလား"

"အွန်း"

"ဟုတ်ပါပြီ၊ ဒါဆို နောက် ဆယ်မိနစ်လောက် အိပ်လို့ရပါသေးတယ်"

ဂျောင်ဂုကပြောလည်းပြော ထယ်ယောင်းကိုယ်လုံးလေးကိုလည်း ပြန်ဆွဲဖက်လိုက်တော့ ထယ်ယောင်းထံမှ တအင့်အင့်အသံလေးများထွက်လာကာ အနွေးဓာတ်ရှိရာ ဂျောင်ဂုကိုယ်ဆီ တိုးဝှေ့လာသည်။

ဒါက ကျောင်းသားတွေကို စာသင်ပေးနေတဲ့ ဘုရားစူး ကျောင်းဆရာ။

ထယ်ယောင်းအလိုကျ ဆယ်မိနစ်ခန့်အတူ လှဲအိပ်ပြီးတော့ ‌ထပ်နှိုးရပြန်သည်။

Popular Two Top [Completed]Where stories live. Discover now