Extra 5 (End)

11.9K 922 77
                                    

(Unicode)

ချူးဆော့နေ့ဆိုသည့်အတိုင်း ချူးဆော့တွင် စားလေ့ရှိသည့် အစားအသောက်များကို ပြင်ဆင်ရတော့သည်။

အိမ်တွင် အမျိုးသမီးကား အမေတစ်ယောက်တည်းသာရှိသည်မို့ ထယ်ယောင်းမှာ အမေနဲ့အတူ မီးဖိုချောင်ထဲ လိုက်ဝင်သည်။ ဂျောင်ဂုမှာ ထယ်ယောင်းအား ဓားရှမှာ၊ အပူလောင်မှာ စိတ်ပူသဖြင့် တားချင်သော်လည်း ခုနကလို စိတ်ကောက်သွားမည်စိုး၍ မတားဖြစ်တော့။ အမေတစ်ယောက်လုံးလည်းရှိနေတော့ ဘာမှဖြစ်မည်တော့ မထင်ပါ။ ဒါကြောင့် ဂျောင်ဂုက အဖေနဲ့အတူ အိမ်တွင်းကို အလှဆင်နေလေတော့သည်။

"မင်း ထယ်ယောင်းကို အနိုင်ကျင့်သေးလား"

"ဗျာ"

အဖေ့စကားကြောင့် ဂျောင်ဂုကြောင်တောင်တောင်ဖြစ်သွားရသည်။ ဘယ်တုန်းကဘယ်လို ‌အနိုင်ကျင့်ဖူးလို့လဲ။

"ကျွန်တော်က ဘာလို့ ထယ်ယောင်းကို အနိုင်ကျင့်ရမှာလဲ"

"မသိဘူးလေ၊ အဲ့ကလေးကြည့်ရတာ ဒီနေ့ နည်းနည်းနွမ်းနေသလို ထင်ရလို့၊ မင်းများ ဒီကြားထဲ အနိုင်ကျင့်ထားလားလို့လေ"

အဲ့တော့မှ ဂျောင်ဂုလည်း အကြောင်းအရာတချို့ဟာ ‌ခပ်ရေးရေးသဘောပေါက်လာတော့သည်။ ညက အချိန်အတော်ကြာသည်အထိ နှစ်ယောက်သားနေခဲ့ကြသည်မို့ ထယ်ယောင်းဟာ နုံးနေမှာအမှန်ပင်။ သို့ပေမဲ့ ဒီစကားတွေအား အဖေ့ကို ပြောပြရလောက်တဲ့အထိ မပွင့်လင်းရဲ။

"အဟားဟား.. ဘယ်ကသာ၊ မယုံရင် ထယ်ယောင်းကို မေးကြည့်၊ ကျွန်တော်က အနိုင်ကျင့်တာလား၊ ကျွန်တော့်ကို အနိုင်ကျင့်တာလားဆိုတာ"

"ယုံပါတယ် ယုံပါတယ်"

ပြီးတာနဲ့ ဂျောင်ဂုရော အဖေရော နှစ်ယောက်လုံး တစ်ပြိုင်နက်ထဲ ပြုံးလိုက်မိကြသည်။

"ထယ်ယောင်း အဲ့ကလေး.."

အဖေ့ထံမှ စကားသံထွက်လာရာ ဂျောင်ဂုက ဖဲကြိုးတွေ ဆင်နေရင်း အဖေ့ကို လှည့်ကြည့်လာသည်။

"စတွေ့တုန်းက အချိန်ကို အခုထိမှတ်မိနေတုန်းပဲ၊ သူ့အမေ ဆုံးသွားလို့ အိမ်ရှေ့မှာ အရူးတပိုင်းငိုနေခဲ့တာလေ၊ အဲ့ကောင်လေးက ငါ့သားမက်ဖြစ်လာလိမ့်မယ်လို့တောင် မတွေးမိဘူး"

Popular Two Top [Completed]Where stories live. Discover now