⭐Twenty - Seven⭐

12.7K 1.3K 64
                                    

(Unicode)

တစ်ပတ်ခန့်ကြာသောအခါ။ ဂျောင်ဂုအဖေက ညဘက်ဖြစ်နေသည့်တိုင် ထယ်ယောင်းအမေကို သတ်ခဲ့သော တရားခံအား ဖမ်းမိပြီဖြစ်ကြောင်း  အိမ်အထိ လာပြောသည်။

ဆိုဖာတစ်ဖက်ခြမ်းတွင် ဂျောင်ဂုအဖေက ထိုင်လျက်၊ မျက်နှာချင်းဆိုင်တွင်တော့ ဂျောင်ဂုနဲ့ထယ်ယောင်းက ထိုင်နေသည်။

"တရားခံက ရှာရမခက်ပေမဲ့ ဖမ်းရတာ နည်းနည်းခက်နေခဲ့တာ၊ ဘာပဲဖြစ်ဖြစ် အခုတော့ မိသွားပါပြီ၊ ဥပဒေအရ ထိထိရောက်ရောက် အရေးယူမှာမို့လို့ ဘာမှတော့ စိတ်မပူပါနဲ့"

"ဟုတ် ကျေးဇူးတင်ပါတယ်"

မျက်နှာငယ်လေးနဲ့ ပြောလာသော ထယ်ယောင်း၏ စကားကို ဂျောင်ဂုအဖေက ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်။ ပြီးမှ ဘေးနားတွင် ရှိသော ကြွေအိုးလေးကို ထယ်ယောင်းလက်ထဲ ထည့်ပေးလိုက်သည်။

"သားအမေရဲ့ အရိုးပြာပါ"

ဂျောင်ဂုအဖေ၏ စကားအဆုံး ထယ်ယောင်းမျက်လုံးလေး အနည်းငယ်ဝိုင်းစက်သွားပြီး အရိုးပြာအိုးလေးကို လှမ်းယူကာ ရင်ခွင်ထဲထည့်၍ ‌အသာပွေ့ဖက်လိုက်သည်။ ထိုစဉ် မျက်ရည်စက်က ပေါက်ခနဲ။ ထယ်ယောင်းဝမ်းနည်းသွားတာကို သတိထားမိတဲ့ ဂျောင်ဂုက ထယ်ယောင်း ပုခုံးလေးကို အသာဖက်လာသည်။

ဧည့်ခန်းလေးက ရုတ်ချည်းတိတ်ဆိတ်သွားပြီး သုံးယောက်လုံး အတွေးကိုယ်စီနဲ့ ဖြစ်ကုန်၏။ ဂျောင်ဂုအဖေက ထိုအခြေအနေအားဖျောက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

"သားတို့လည်း စာမေးပွဲက သုံးရက်လောက်ပဲ လိုတော့တာဆိုတော့ စာသေချာလုပ်ကြဦးနော်"

ဂျောင်ဂုနဲ့ ထယ်ယောင်းက တစ်ပြိုင်နက်ထဲ ခေါင်းငြိမ့်ပြကြသည်။

"ထယ်ယောင်းက ဘာမှမဖြစ်ပေမဲ့ ဂျွန်ဂျောင်ဂု မင်းကစာတကယ်လုပ်မှ ရမှာနော်"

"ကျွန်တော်လုပ်ပါတယ်၊ စာမေးပွဲ ကျရင် လမ်းခွဲမယ်လို့ တစ်စုံတစ်ယောက်က ခြိမ်းခြောက်ထားတာကို"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းက အလန့်တကြားနဲ့ မော့ကြည့်လာသည်။ အဲ့လိုပြောခဲ့တာမှန်ပေမဲ့ အဖေ့ရှေ့မှာတင် ပွင့်ပွင့်လင်းလင်းပြောလိုက်သော ဂျောင်ဂုကြောင့် ထယ်ယောင်း အနည်းငယ်ရှက်မိသည်။ သို့သော် ဂျောင်ဂုအဖေကတော့ သဘောကျစွာ တဟားဟားရယ်နေလျက်။

Popular Two Top [Completed]Where stories live. Discover now