(Unicode)
စကားထွေထွေထူးထူး သိပ်မပြောဖြစ်ကြဘဲ ဂျောင်ဂုရဲ့ အိမ်သို့ နှစ်ယောက်သား ရောက်လာကြသည်။
"ဘာလို့ ရုတ်တရက်ကြီး ငါ့မိဘတွေကို တွေ့ချင်နေရတာလဲ ထယ်ယောင်း"
ဂျောင်ဂုအမေးကို ထယ်ယောင်းက ဘာမှပြန်မဖြေဘဲ ပြုံးသာ ပြုံးပြသည်။ ထယ်ယောင်းက အရှေ့က ဦးဆောင်၍ အိမ်ထဲ ဝင်သွားသည်မို့ ဂျောင်ဂုသည်လည်း ထယ်ယောင်းနောက်မှ လိုက်ဝင်ရ၏။
အထဲရောက်သည်နှင့် တွေ့လိုက်ရသည်က ဆိုဖာပေါ်တွင် သူတို့နှစ်ယောက်ကို ထိုင်စောင့်နေဟန်ရှိသော အဖေနဲ့အမေ။ ပြီးတော့ အသင့်ထုတ်ပိုးပြီးသားဖြစ်သော luggage တစ်လုံး။
ဂျောင်ဂု နားမလည်နိုင်စွာဖြင့် မျက်ခုံးနှစ်ဖက်အတွင်းသို့ တဖြည်းဖြည်းစုကြုံ့လာသည်။ ထယ်ယောင်းက အဲ့တော့မှ ဂျောင်ဂုကို အတောက်ပဆုံးပြုံးပြလာပြီး
"ဂျောင်ဂု.. မင်းတော့ မင်းဖြစ်ချင်တဲ့ အားကစားသမား လုပ်ခွင့်ရသွားပြီ"
မထင်မှတ်ထားသော ထယ်ယောင်းစကားကြောင့် ဂျောင်ဂု မျက်လုံးပြူးသွားသည်။ အဖေနဲ့အမေကလည်း လက်ခုပ်ခပ်တိုးတိုးတီးလာကြသည်။
"ထယ်ယောင်း ပြောပေးလို့ သားကို အားကစားသမားလုပ်ခိုင်းတာနော်၊ ပေါ့ပျက်ပျက်မလုပ်နဲ့ တကယ်အောင်မြင်အောင်လုပ်"
အမြဲတမ်း တက္ကသိုလ်သာ တက်ခိုင်းနေသော အမေ့ဆီမှ ထိုစကားကို ကြားလိုက်ရသည်မို့ ဂျောင်ဂု တစ်ကိုယ်လုံး အပျော်လှိုင်းများ ဖုံးလွှမ်းကာ ပါးစပ်အဟောင်းသားလေးဖြစ်သွားမိသည်။
"တ..တကယ် ပြောနေကြတာလား၊ ဝိုင်းနောက်နေကြတာ မဟုတ်ဘူးမလား"
ဂျောင်ဂုက မယုံနိုင်စွာနဲ့ ထယ်ယောင်းပုခုံးလေးနှစ်ဖက်ကို ခပ်ဖွဖွကိုင်ရင်း မေးလာသည်မို့ ထယ်ယောင်းမှာ သွားတန်းလေးတွေ ပေါ်သည်အထိ ပြုံးမိသည်။
"တကယ်ပါဆို၊ လူကြီးတွေက နောက်မလား"
ထယ်ယောင်းထံမှ အတည်ပြုပြီးမှ ဂျောင်ဂုမှာ အံ့ဩနေရာကနေ ချက်ချင်း ပြုံးပျော်လာတော့သည်။ တစ်ကိုယ်လုံးလေပေါ်မြောက်နေသလို ခံစားချက်ကြောင့် စိတ်မထိန်းနိုင်စွာ ထယ်ယောင်းကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲထည့်ပြီး တင်းကြပ်စွာ ပွေ့ဖက်မိ၏။
YOU ARE READING
Popular Two Top [Completed]
Fanfictionjeon jungkook x kim taehyung Book cover Artist - Moonchild Art Started Date ~ Jan 29, 2022 Ended Date ~ Mar 20, 2022