⭐Twelve⭐

14.3K 1.6K 69
                                    

(Unicode)

ည ၉နာရီခန့်ရှိပြီ။
အိမ်က အဖေနဲ့အမေက အိပ်ရာဝင်ကြပြီဖြစ်သော်လည်း ဂျောင်ဂုမှာ မအိပ်နိုင်သေး။ သာမန်ဆို ကျောင်းပိတ်ရက်မတိုင်ခင် သောကြာညဆို ညလုံးပေါက် ‌ဂိမ်းဆော့နေကျဖြစ်သော်လည်း အခုကျတော့ ဂိမ်းဆော့ဖို့ စိတ်က မပါ။

အိပ်ရာပေါ်မှာ ဝင်လှဲလိုက်ကာ ဖုန်းကို ဖွင့်ကြည့်တော့ message ၏ ထိပ်ဆုံးနေရာတွင် ထယ်ယောင်းနာမည်လေးက ထင်းနေသည်။ ထယ်ယောင်းဘက်က ညနေကတည်းက ပို့ထားတဲ့စာလေးက 'ဘာလို့ပြန်မလာတာလဲ' တဲ့။

ဂျောင်ဂု အခုချိန်ထိ စာမပြန်မိသေး။ ထယ်ယောင်းကို တွေးတိုင်း နေ့လယ်က တစ်စုံတစ်ယောက်နဲ့ ဖက်နေတဲ့ပုံကပဲ ခေါင်းထဲ ပေါ်လာသည်။ ပိုဆိုးတာက သူသောက်ချင်လှပါသည်ဆိုတဲ့ စတော်ဘယ်ရီဖျော်ရည်ကို အဲ့လူက ဝယ်လာပေးတာ မဟုတ်လား။

အတွေးတွေနဲ့ ဝေခွဲမရဖြစ်နေတုန်း ထယ်ယောင်းထံမှ တိုက်တိုက်ဆိုင်ဆိုင် စာလေးတစ်စောင် ဝင်လာသည်။

'ဂျောင်ဂု... မင်းကို တစ်ယောက်ယောက်က ပြန်ပေးဆွဲသွားတာတော့ မဟုတ်ဘူးမလား'

ထိုစာကို ဖတ်ပြီး ဂျောင်ဂု ဟက်ခနဲ တစ်ချက်ရယ်မိသည်။ သူပဲ ပေါက်ပေါက်ရှာရှာတွေ အရမ်းတွေးတတ်။

'seen ပြပြီး reply မပြန်ဘူးလား အရူးကောင်'

ထပ်ပြီးဝင်လာသော စာလေး။ ဂျောင်ဂု ထိုအချိန်အထိ စာပြန်ဖို့ရာ လက်ချောင်းတွေက အလုပ်မလုပ်သေး။ ကိုယ့်စိတ်ကိုယ် သေချာမသိသေးသော်လည်း ရှေ့ဆက်တိုးရင် ရူးရမဲ့သူက ကိုယ်ဖြစ်နေမှာကို သိပ်ကြောက်သည်။

'ဂျောင်ဂု ငါဆိုင်ကယ်စီးချင်တယ်'

ထိုစာကြောင့် ဂျောင်ဂု မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်ကုန်သည်။ အရင်တစ်ခေါက်ပိတ်ရက်တုန်းက ဆိုင်ကယ်စီးရမှာကို အသားကုန်ကြောက်ခဲ့တာ သူမဟုတ်လား။ အခုမှ ဘာစိတ်ကူးတွေပေါက်နေသလဲ။ အချိန်ကလည်း ည၉နာရီပင် ကျော်နေပြီလေ။

'အိပ်တော့'

ဂျောင်ဂုဘက်မှ ပထမဆုံး ပြန်ပို့မိသော message လေးဖြစ်သည်။ ထယ်ယောင်းဘက်မှလည်း ချက်ချင်း seen ပြကာ ခဏချင်းပင် reply လေး ပြန်ဝင်လာသည်။

Popular Two Top [Completed]Dove le storie prendono vita. Scoprilo ora