⭐Twenty - One⭐

13.6K 1.4K 36
                                    

(Unicode)

ဂျောင်ဂု တစ်ယောက်ထဲ convenience store တစ်ခုတွင်ထိုင်၍ ချောကလက်ရေခဲမုန့်စားနေစဉ် ထယ်ယောင်းဆီမှ message တစ်စောင်ဝင်လာသည်။

'ဂျောင်ဂု.. ငါခဏနေရင် အပြင်ထွက်လာတော့မယ်နော်' ဟူ၍သာ။

ထိုစာလေးကိုကြည့်ပြီး ဂျောင်ဂုပြုံးမိသည်။ ပြန်ခါနီးရင်ပြောဖို့ ပြောထားခဲ့တာကို တကယ်ပြောလာသည်မို့ ရင်ထဲတွင် အပျော်လှိုင်းလေးများ ဖြတ်ပြေးလျက်။

ဒါကြောင့် ဂျောင်ဂုလည်း စားလတ်စ ရေခဲမုန့်ကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ကာ convenience store ထဲမှ ပြေးထွက်လာခဲ့လိုက်သည်။ ထယ်ယောင်းရှိရာ စားသောက်ဆိုင်က သိပ်မဝေးသည်မို့ ခဏအတွင်းမှာပဲ ဆိုင်ရှေ့ကို ရောက်လာသည်။ ထယ်ယောင်းက ထွက်လာသေးဟန် မတူ၊ အရိပ်အယောင်မတွေ့။ ဒါကြောင့် စောင့်နေရုံသာ။

အဲ့အချိန်မှာပဲ ဆိုင်ထဲကနေ တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားသော လူတစ်ယောက် ပြေးထွက်လာရာ လမ်းတွင်ပိတ်နေသော ဂျောင်ဂုကိုပါ တွန်းဖယ်၍ ကမန်းကတမ်းပြေးထွက်သွားတော့သည်။ ထိုလူတွန်းသွားသော အရှိန်ကြောင့် ဂျောင်ဂုမှာ ဘေးသို့ အနည်းငယ်ပင် ယိုင်သွားရသည်။

"တောက်.. ဘယ်လို ယဉ်ကျေးမှုမရှိတဲ့လူလဲ၊ ဘေးမှာ လမ်းအကျယ်ကြီးကို"

စိတ်တိုစွာ တစ်ယောက်ထဲ ခပ်တိုးတိုးရေရွတ်ရင်း ဆိုင်ထဲကို တစ်ချက်ဝေ့ကြည့်လိုက်ပြန်သည်။ ထယ်ယောင်း၏ အရိပ်အယောင် မတွေ့သေး။

ထိုစဉ် ဆိုင်ရှေ့သို့ ရဲများနဲ့ ဆေးရုံကားများ တစ်ပြိုင်နက်ထဲ အသဲအသန် ရောက်လာကြသည်မို့ ဂျောင်ဂုမှာ လမ်းအမြန်ဖယ်ပေးလိုက်ရသည်။ ရုတ်တရက်ကြီး ဘာဖြစ်သလဲမသိပေမဲ့ စိတ်ထဲ ထယ်ယောင်းကို စိတ်ပူသွားတာမို့ ဖုန်းကို အမြန်ထုတ်၍ message ပို့လိုက်သည်။

'ထယ်‌ယောင်း...အခု ဘယ်မှာလဲ၊ ထွက်မလာသေးဘူးလား"

Reply မပြန်သည့်အပြင် seen ပင်မပြသည်မို့ ဂျောင်ဂု ချက်ချင်း ဖုန်းခေါ်လိုက်သည်။ တော်တော်နဲ့ မကိုင်ပါ၊ ‌သတ်မှတ်ချိန်အတွင်း မကိုင်ပါဟူသော အော်ပရေတာ အမျိုးသမီး၏ အသံကိုသာ ထပ်ခါထပ်ခါကြားနေရသည်။

Popular Two Top [Completed]Wo Geschichten leben. Entdecke jetzt