Extra 2

9.3K 932 62
                                    

(Unicode)

ညဘက် အိမ်ရောက်သည်နှင့် ဂျောင်ဂုဟာ ညစာချက်ဖို့ ပြင်လေသည်။ ပင်ပန်းနေမှာစိုးသဖြင့် ထယ်ယောင်းက သူကိုယ်တိုင်ချက်ဖို့ ပြောသော်လည်း ဂျောင်ဂုဟာ လုံးဝလက်မခံ။

"မင်းရဲ့ လက်ကလေးတွေက ဓားတွေကိုင်ဖို့ မဟုတ်ဘူး၊ ငါ့လက်ကို ကိုင်ထားဖို့ပဲ"

"မင်းအပိုတွေ မလုပ်နဲ့၊ ငါဒီလောက်တော့ လုပ်တတ်ပါတယ်"

ထယ်ယောင်းက ဂျောင်ဂုပြောတာကို လျစ်လျူရှုပြီး အသီးအရွက်များလှီးရန် ဓားကို ကိုင်ရန်ပြင်စဉ် ဂျောင်ဂုက ထယ်ယောင်းလက်ကို လှမ်းဆုပ်ကိုင်လာသည်။

"ငါစိတ်ဆိုးလိုက်ရမလား၊ မလုပ်နဲ့‌လို့"

"မင်းက ပင်ပန်းနေတာလေ၊ ငါက မင်းအတွက် ချက်ပေးချင်လို့ပါ"

ထယ်ယောင်းထံမှ 'မင်းအတွက်' ဆိုသော စကားက အင်မတန်နားထောင်လို့ ကောင်းသော်လည်း စိတ်ပူနေသောစိတ်ကလေးက အနိုင်ရသွားသည်မို့ ဂျောင်ဂုမှာ ခေါင်းသာ ခါပြလိုက်ရင်း

"မလုပ်ရဘူး၊ ငါ့အတွက် တခြားတစ်ခုခုပဲ လုပ်ပေး၊ ဟင်းချက်တာက ငါပဲလုပ်မယ် အချစ်"

"အဲ့ဒါဆို ဓားမကိုင်ဘူးလေ၊ ဒီတိုင်း ချက်ပေးမယ်"

"မရဘူး အပူလောင်လိမ့်မယ်"

"မင်းတော်တော်လွန်တာပဲ"

"ချစ်လို့လေကွာ"

ဂျောင်ဂုစကားအဆုံး ထယ်ယောင်းမှာ လက်လေးပိုက်ကာ နှုတ်ခမ်းလေးစူပုတ်သွားသည်။ ‌ထယ်ယောင်းအပြုအမူလေးကြောင့် ဂျောင်ဂုမှာ သဘောကျစွာဖြင့် အသံထွက်သည်အထိရယ်ရင်း ထယ်ယောင်းနှာခေါင်းပေါ်မှ မှဲ့နက်လေးအား ပြွတ်ခနဲ တစ်ချက်နမ်းလိုက်လေတော့သည်။

"စိတ်မဆိုးရဘူးလေ အချစ်ရာ"

"စိတ်မကောင်းဖြစ်တယ်၊ ငါက မင်းအတွက် ဘာအကူအညီမှ မရသလိုခံစားရလို့"

"ဟောဗျာ၊ အချစ်က အတွေးလွန်နေပြန်ပါပြီ"

ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းခါးလေးကို အသာဆွဲဖက်လိုက်တော့ ထယ်ယောင်းမှာ ရုန်းကန်ခြင်းမရှိ အနားကို စွေ့ခနဲ ပါလာသည်။

Popular Two Top [Completed]Dove le storie prendono vita. Scoprilo ora