(Unicode)
ဖုန်း screen ပေါ်တွင် ပေါ်နေသော ဓာတ်ပုံကိုကြည့်ကာ ဂျောင်ဂု အံကို တင်းတင်းကြိတ်မိသည်။
ဘယ်သူခိုးရိုက်သွားမှန်းမသိသော သူနဲ့ ထယ်ယောင်း၏ နှစ်ယောက်တွဲပုံ။ ကျောင်း website တွေ၊ page တွေ၊ group chat တွေ အားလုံးနီးပါးတွင် ပျံ့နှံနေပြီး comment တွေမှာလည်း ထင်ရာထင်ကြေးပေးထားကြသူများက အများအပြား။
"ဂျွန်ဂျောင်ဂု"
ဆရာ၏ ခေါ်သံကြောင့် ဂျောင်ဂုက ကြည့်လက်စဖုန်းကို မှောက်ချလိုက်ပြီး ခေါင်းလေးမော့လာသည်။
"ဗျာ"
"စာသင်နေတုန်း ဖုန်းမသုံးပါနဲ့"
"တောင်းပန်ပါတယ် ဆရာ"
အဲ့တော့မှ ဆရာက စာသင်ခန်းကို ကျောပြန်ပေးကာ သင်ပုန်းတွင် စာဆက်ရေးနေသည်။ ဆရာပြောလို့သာ ဖုန်းကို လက်ကချလိုက်ရတာ စိတ်က ခုနက မြင်ခဲ့သော ဓာတ်ပုံဆီမှာသာ။
ဆရာကျောပေးနေတုန်း ဂျောင်ဂုလည်း ဖုန်းကို စားပွဲခုံအောက်တွင် မသိမသာဝှက်ကာ ပြန်ဖွင့်လိုက်သည်။
Like ပေါင်း သောင်းကျော်နေပြီဖြစ်တဲ့ ဓာတ်ပုံ။ ထိုပုံကို တင်သည့် account မှာ အသစ်ဖြစ်ပုံရသည်။ info တွေ ထည့်သွင်းထားခြင်းမရှိသည်မို့ ဘယ်သူမှန်းလဲမသိရချေ။
ဂျောင်ဂု ထို post ၏ link ကို copy ယူပြီး KakaoTalk ထဲ ဝင်လာလိုက်သည်။
(KakaoTalk = ကိုရီးယားလူမျိုးတွေ message ပို့တဲ့အခါ အသုံးပြုသည့် app)
thv ဆိုသော user acc ထံသို့ ထို link ကိုပို့လိုက်ပြီး
'ဒီကိစ္စ မင်းသိပြီးပြီလား ထယ်ယောင်း'
ထိုသို့သာ ပို့ပြီး ဖုန်းကို ပြန်ပိတ်ကာ ဆရာ စာသင်နေသည်ကို ပြန်လိုက်ကြည့်သည်။ အာရုံတော့ စိုက်လို့မရ။
ထယ်ယောင်း၏ Reply က တော်တော်နဲ့ ပြန်မလာသည်မို့ ဂျောင်ဂုမှာ အလိုလိုနေရင်း ဒေါသထွက်လာသည်။ အကြည့်ကလည်း စာမှာထက် ဖုန်း screen ကိုသာ ရောက်၏။
စိတ်တိုတိုနဲ့ ပို့ထားသော စာများကို ပြန်ဖျက်ရန် ဖုန်းကို ပြန်အဖွင့်၊ thv ဆီမှ စာတစ်စောင် ပြန်ဝင်လာသည်။
YOU ARE READING
Popular Two Top [Completed]
Fanfictionjeon jungkook x kim taehyung Book cover Artist - Moonchild Art Started Date ~ Jan 29, 2022 Ended Date ~ Mar 20, 2022