Extra 3 ⚠️

12.2K 887 36
                                    

(Unicode)

ည ၉နာရီကျော်။ ထယ်ယောင်းက ဦးစွာ ရေချိုးပြီးသဖြင့် အိပ်ရာပေါ်တွင် လှဲကာ ဖုန်းသုံးနေပြီး ဂျောင်ဂုကတော့ ယခုမှ ရေချိုးဆဲဖြစ်သည်။

ရေချိုးခန်း တံခါးကို တမင်လော့မချထားဘဲ အနည်းငယ် ဟထားသော ဂျောင်ဂုကြောင့် ရေကျသံများအား ထယ်ယောင်းမှာ ပြတ်သားစွာ ကြားနေရသည်။ ထိုရေကျသံများကပင် ထယ်ယောင်းကို ရန်ခုန်စေ‌သယောင်။

"အချစ်"

ရေချိုးခန်းထဲမှ လှမ်းခေါ်သော ဂျောင်ဂုရယ်။ ထယ်ယောင်းလည်း ဂျောင်ဂုအသံကြောင့် ခေါင်းလေး ထောင်လာသည်။

"သဘက်ယူခဲ့ပေးလို့ရမလား၊ မေ့ခဲ့လို့"

"ခဏစောင့်"

ထယ်ယောင်းက ပြောပြီးတာနဲ့ သုံးလက်စဖုန်းကို ချ၍ အိပ်ရာပေါ်မှ ဆင်းလိုက်သည်။ ဗီဒိုထဲမှ သဘက်အဖြူလေးအား ယူပြီး ရေချိုးခန်းတံခါးနားကို ကပ်လာရင်း အနည်းငယ် ပွင့်နေသော တံခါးကြားထဲ သဘက်ကို ထိုးပေးလိုက်လေသည်။

သို့သော် ဂျောင်ဂုဟာ သဘက်ကိုယူမည့်အစား ထယ်ယောင်းရဲ့ လက်ကောက်ဝတ်လေးကို အရှိန်နဲ့ဆွဲလိုက်တော့ ထယ်ယောင်းမှာ ရေချိုးခန်းထဲ စွေ့ခနဲ ဝင်လာပြီး ဂျောင်ဂုနဲ့ မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားလေသည်။

ဂျောင်ဂုကား အောက်ပိုင်းတွင် သဘက်တစ်ထည်သာ ဝတ်ထားပြီး အပေါ်ပိုင်းဗလာဖြစ်နေသည်မို့ ဝမ်းဗိုက်ကြွက်သားများဟာ ထယ်ယောင်း၏ မြင်ကွင်းအပြည့်ဖြစ်နေလေသည်။

"မင်း.. မင်း.. သဘက်ရှိရဲ့သားနဲ့"

"ဒီကို တမင် ခေါ်တာလေ"

ဘာမှမဖြစ်သည့်ဟန် တုန့်ပြန်လာသော ဂျောင်ဂုအား ထယ်ယောင်းက မျက်စောင်းလေး တစ်ချက်ထိုးလိုက်သည်။ ရေပန်းဖွင့်ထားသည်မို့ ရေများဟာ ခြောက်သွေ့နေပြီးသား ထယ်ယောင်းကို ပြန်၍စိုသွားစေသည်။

"ပြန်သွားတော့မယ် ဘာမှန်းလဲမသိ"

ထယ်ယောင်းက ပြောလည်းပြော၊ လှည့်ထွက်သွားရန်လည်း ပြင်တော့ ဂျောင်ဂုဟာ သွားခွင့်မပေးဘဲ ထယ်ယောင်းခါးလေးကို လက်တစ်ဖက်နဲ့ ဆွဲဖက်လိုက်သည်။ ထိုအခါ ထယ်ယောင်းလက်လေးများက ဂျောင်ဂု ရင်ဘတ်ကျယ်ကြီးဆီ အလိုလို တင်မိလျက်သား။

Popular Two Top [Completed]Where stories live. Discover now