⭐Fifteen⭐

14.1K 1.5K 106
                                    

(Unicode)

"ရှက်စရာကောင်းလိုက်တာ"

ဝူရှစ်၏ အသံက စိတ်ပျက်အားလျော့စွာ ထွက်လာပြီး စားပွဲပေါ်တွင် ခေါင်းမှောက်လိုက်သည်။ ထိုနည်းတူ ဆောဂျွန်းနဲ့ ထယ်ယောင်း၏ မျက်နှာများကလည်း မကောင်းကြ။

အကြောင်းက ဂျောင်ဂုရှေ့မှာ တစ်ဖွဲ့လုံး မူးရူးခဲ့ကြတာ မဟုတ်လား။ ဒါကြောင့် ကန်တင်းတောင် မထိုင်ရဲတော့ဘဲ အတန်းထဲတွင်သာ သုံးယောက်လုံး မျက်နှာမကောင်းစွာ ထိုင်နေမိကြသည်။

"မင်းက နဲနဲပါးပါးထိန်းသောက်ပါလား"

ဆောဂျွန်းက ဝူရှစ်ကိုကြည့်၍ မကျေမနပ်ပြောလာရာ ဝူရှစ်ကလည်း မခံ။

"စသောက်ဖို့ အကြံပေးတာ ဘယ်သူလဲ"

"တစ်ခွက်လုံး ဆက်တိုက်သောက်ခိုင်းတာ ဘယ်သူလဲ"

အချင်းချင်း ငြင်းခုန်နေကြသော နှစ်ယောက်ကို ကြည့်ပြီး ထယ်ယောင်း ဘာမှတောင် ပြန်မပြောချင်တော့ပါ။ သူတို့နှစ်ယောက်ကမှ နဲနဲတော်သေးသည်လေ၊ ကိုယ်က သူ့ရင်ခွင်ထဲ ကျောအပ်ပြီး ဆိုင်ကယ်စီးခဲ့ရတဲ့အဖြစ်။ အချီကခံလိုက်ရသေးတယ်။ တွေးမိလေ ရှက်လေ‌ပဲ။

ရှက်နေပေမဲ့ မိမိအရှေ့က နှစ်ယောက်က အချိန်ကြာသည်အထိ ငြင်းခုန်နေမည့်ဟန် မြင်တာကြောင့် နားငြီးမဲ့ ဒဏ်ကို ပိုမခံနိုင်ရကား ကျောပိုးအိတ်ကို ဆွဲ၍ အတန်းပြင်ထွက်လာခဲ့လိုက်သည်။ အတတ်နိုင်ဆုံး ဂျောင်ဂုကို မတွေ့အောင် ရှောင်ရင် ဖြစ်တာပဲလေ။

အိတ်ထဲမှ နားကြပ်လေးကို ထုတ်၍ နားတွင်တပ်ကာ သီချင်းအေးအေးလေး တစ်ပုဒ်ကိုဖွင့်၍ ကော်ရစ်တာတစ်လျှောက် လမ်းလျှောက်လာလိုက်သည်။ နားကြပ်တပ်ထားရင် ကျောင်းသူတွေက မနှောင့်ယှက်သည့်အနေဖြင့် အဝေးကနေ ကြည့်၍ ပြုံးရုံသာပြုံးပြကြပြီး အနားကို အတင်းတိုးဝှေ့လာတတ်တာတွေ မရှိသည်မို့ ထယ်ယောင်း အမြဲလိုလို နားကြပ်တပ်၍ အပြင်ထွက်တာက အကျင့်လိုတောင် ဖြစ်နေပြီ။

ပြုံးပြလာသော မိန်းကလေးအချို့အား ထယ်ယောင်းက အသိအမှတ်ပြုသည့်အနေနဲ့ ခေါင်းလေးသာ ငြိမ့်ပြ၍ အဆောင်အပြင်ဘက်သို့ ဖြေးညင်းစွာ လျှောက်လာလိုက်သည်။

Popular Two Top [Completed]Where stories live. Discover now