⭐Nineteen⭐

13.5K 1.5K 145
                                    

(Unicode)

"ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုပဲ"

ဂျောင်ဂုအဖေ၏ စကားကြောင့် ထယ်ယောင်းမှာ အံ့ဩမှုကြောင့် မျက်လုံးလေး ဝိုင်းစက်သွားသည်။ ဂျောင်ဂုအဖေက ဆက်ပြောသည်။

"သားအမေရဲ့ လက်ဖျံမှာ ဓားနဲ့ ကြက်ခြေခတ်အမှတ်အသားခြစ်ထားတာကိုတွေ့ရတယ်၊ ဒါက သတ်ပြီးသွားပြီဆိုတဲ့သဘော၊ သတ်ဖို့ ကြိုပြီး အကွက်ချထားတာမျိုးပေါ့"

"ဘာ...ဘာလို့လဲ၊ ကျွန်တော့်အမေကို သေစေချင်တဲ့အထိ မုန်းနဲ့သူ မ..မရှိပါဘူး"

ထယ်ယောင်း မျက်လုံးတွေ ဂဏှာမငြိမ်တော့။ စိတ်ထဲ လေးလံလာပြီး ဖြစ်နိုင်ချေရှိသော သူကို အတတ်နိုင်ဆုံး ဖျစ်ညှစ်စဉ်းစားကြည့်သည်။ လုံးဝမရှိ။

"လမ်းထဲက CCTV တွေကလည်း အကုန်ဖျက်ဆီးခံထားရတယ်ဆိုတော့ ဘာမှတ်တမ်းမှလည်း မရှိဘူး၊ ဒါပေမဲ့ အရမ်းစိတ်မပူပါနဲ့ ရဲတွေရော စုံထောက်တွေရော အစွမ်းကုန် စစ်ဆေးနေပါတယ်၊ အိမ်ကိုတော့ ယာယီဝင်ခွင့်မပြုသေးလို့ ဒီမှာပဲ နေဦးနော်"

ဂျောင်ဂုအဖေက စိတ်မပူရန် ချိုချိုသာသာနဲ့ ချော့မြူဟန် ပြောလာသည်။ ‌ထယ်ယောင်းမှာတော့ စိတ်တွေ ရှုပ်ထွေးနေသည်မို့ ဘာစကားမှပင် ပြန်မပြောဖြစ်၊ မျက်တောင်ပင် မခတ်မိ၊ အသက်ပင်မရှူမိ။

"မိရင် ကျွန်တော့်ကိုပြောပါ၊ ကျွန်တော် ကိုယ်တိုင် သူ့ကို ပြန်သတ်မယ်"

"ဒေါသထွက်နေမယ်ဆိုတာ သိပေမဲ့ စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ့ သားရယ်၊ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူပေးမှာပါ"

ဝမ်းနာ်းမှုကြောင့် ထယ်ယောင်းပါးပြင်ထက် မျက်ရည် ပေါက်ခနဲကျသွားပြီး ဒေါသကြောင့် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ အောက်နှုတ်ခမ်းကိုလည်း ပြတ်ထွက်လုနီးနီး ကိုက်ထားမိရာ သွေးစများပင် ထွက်လာသည်။

"ပြန်ရောက်ပါပြီ"

ရင်းနှီးနေပြီးသား အသံလေး တံခါးဝက ထွက်လာသည်မို့ အဖေက လှမ်းကြည့်သည်။ ဂျောင်ဂု ကျောင်းက ပြန်လာခြင်းပင်။

Popular Two Top [Completed]Where stories live. Discover now