⭐Twenty - Three⭐

14.5K 1.4K 210
                                    

(Unicode)

ဆေးရုံခန်းထဲဝယ် နေ့လယ်စာ စားချိန်မို့ ဂျောင်ဂုအမေက သားဖြစ်သူဂျောင်ဂုအား အပြင်ထွက်စားရန် ခေါ်သော်လည်း မသွားဘူးဟုဆိုတာ ဘူးခံငြင်းနေသည်မို့ စိတ်ပင်ပန်းရသည်။

ထယ်ယောင်းကိုယ်တိုင်က သွားပါဟု ပြောလည်း မရ၊ သူဘေးမှာ မရှိရင် တရားခံထပ်ရောက်လာပြီး ပြဿနာရှာရင်ဘယ်လိုလုပ်မလဲတဲ့လေ။ ဂျောင်ဂု၏ ခေါင်းမာမှုကြောင့် ထယ်ယောင်းတင်မက အမေပါ ခေါင်းကိုက်လာရသည်။

"ကဲ.. ဂျွန်ဂျောင်ဂု၊ ခေါင်းမမာစမ်းနဲ့၊ ခဏလေးပဲ သွားစားမှာကို၊ တစ်ညလုံးလည်းမအိပ် တစ်မနက်လုံးလည်း ဘာမှမစားဆို နင်ပါ ဆေးရုံတက်နေရမယ် လာခဲ့"

"မရဘူး၊ ထယ်ယောင်းက တစ်ယောက်ထဲ ဖြစ်နေလိမ့်ပါမယ်ဆို"

"သူနာပြုမလေးနဲ့ ထားခဲ့မှာပဲ၊ စိတ်ပူစရာမလိုပါဘူး"

"အဲ့ဒါ ပိုဆိုးတာပေါ့၊ ဘာလို့ အခန်းထဲမှာ သူနာပြုနဲ့ နှစ်ယောက်ထဲ ထားခဲ့မှာလဲ၊ ရတယ် ကျွန်တော်‌ပဲနေမယ် ဗိုက်မဆာဘူး"

ဘယ်လိုပြောပြောရမည့်ပုံမပေါ်သည်မို့ အမေက ဂျောင်ဂု လက်မောင်းကိုကိုင်၍ အခန်းထဲမှ ဆွဲခေါ်သွားတော့သည်။ ဂျောင်ဂုမှာလည်း အမေကိုတော့ အတင်းအကြမ်းပြန်မရုန်းချင်သည့်နှယ် ယက်ကန်ယက်ကန်နဲ့ ပါသွား‌တော့သည်။

သားအမိနှစ်ယောက်၏ မြင်ကွင်းကို ပြုံး၍ ကြည့်ရင်း ထယ်ယောင်းမှာ ဆေးရုံခန်းထဲဝယ် တစ်ယောက်ထဲ ကျန်ခဲ့တော့သည်။ အခုလို မြင်ရတော့ ဆုံးသွားသောအမေ့ကိုတောင် လွမ်းမိသား။

တစ်ယောက်ထဲ ကျန်ခဲ့တော့မှ ဖုန်းကို ထုတ်ကြည့်မိရာ ဝူရှစ်နဲ့ ဆောဂျွန်းဆီမှ စိတ်ပူ၍ ပို့ထားသော message များစွာကို ‌တွေ့ရသည်။ ထို့ပြင် ဂျောင်ဂုသူငယ်ချင်းများဖြစ်တဲ့ အွန်းဝူနဲ့ ဂျယ်ဟွန်းကပါ အားပေးစကားများ ပြောထားကြသည်ကို တွေ့ရသည်မို့ ထယ်ယောင်းအလိုလို ပြုံးမိသည်။

တစ်ခုခုပြန်ပြောရန် ကြံတုန်းရှိသေး၊‌ ဂျောင်ဂုထံမှ ရုတ်တရက် ဖုန်းဝင်လာသည်မို့ အမြန်ကိုင်လိုက်ရသည်။

"ထယ်ယောင်း.. မင်းအခုအဆင်ပြေလား"

"ပြေပါတယ်"

Popular Two Top [Completed]Where stories live. Discover now