Extra 1

9.6K 972 40
                                    

(Unicode)

[ရှေ့လက လှူတဲ့သူတွေကို file လေးနဲ့ သက်သက် ပေးထားခဲ့တဲ့ extra ငါးပိုင်းပါ၊ အခု လှူတဲ့သူတွေ ဖတ်ပြီးကြလောက်ပြီဆိုတော့ အားလုံးအတွက် ပြန်တင်ပေးပါမယ်^^]

_____

"ဂျွန်ဂျောင်ဂု ဒီဘက်ကို ပေး"

အသင်းဖော်၏ စကားကို လျစ်လျူရှုပြီး ဂျောင်ဂုဟာ ဘောလုံးအား မပေးဘဲ ကိုယ်တိုင်ရှေ့သို့ ဦးတည်ပြေး၍ ဘတ်စကတ်ဘောခြင်းထဲ ရွယ်ပစ်လိုက်လေတော့သည်။

အားအလွန်များသွားသဖြင့် ဘောလုံးက ခြင်းထဲမဝင်ဘဲ တိုင်ကိုသာ မှန်၍ ပြန်ကန်ထွက်လာလေ၏။

တဆက်တည်းမှာပဲ ပွဲနားချိန်အချက်ပြ ဝီစီမှုတ်သံကို ကြားလိုက်ရသဖြင့် အားလုံးဟာ ကစားတာ ရပ်သွားကြတော့သည်။

"ဂျွန်ဂျောင်ဂု မင်းဘယ်လိုဖြစ်နေတာလဲ"

နည်းပြက လေသံမာမာနဲ့အတူ အနားကို လျှောက်လာတော့ ဂျောင်ဂုလည်း သက်ပြင်းတစ်ချက်ချရင်း ကိုယ်အား မတ်မတ်ပြန်ရပ်လိုက်မိသည်။

"တနေကုန် မင်းလေ့ကျင့်တာ အဆင်မပြေဘူး၊ မနက်ဖြန်ပဲ final ကစားရတော့မယ်လေ၊ မင်းက အသင်းရဲ့ အဓိက shooter ဆိုတာ သတိရဦး"

နည်းပြ၏ စကားတွေကို ဂျောင်ဂုပြန်လည်ချေပနိုင်စွမ်းမရှိ။ ဒီနေ့တနေကုန်လည်း ကိုယ်တိုင်ဘာဖြစ်နေမှန်းကိုမသိတာ၊ ကစားရတာ စိတ်မပါလက်မပါဖြစ်နေသလိုပင်။

ဘာမှပြန်မဖြေသော ဂျောင်ဂုကြောင့် နည်းပြဟာလည်း သက်ပြင်းတစ်ချက်ချရင်း

"မင်း ဒီနေ့ သေချာလေ့ကျင့်ပါ၊ ညရောက်လို့မှ အခုလိုပဲ ဆက်ဖြစ်နေဦးမယ်ဆိုရင် မင်းနေရာမှာ တခြားသူ အစားထိုးရလိမ့်မယ်"

"ဟုတ်ကဲ့ ကျွန်တော် ကြိုးစားပါမယ်"

အဲ့တော့မှ နည်းပြကလည်း ခေါင်းတစ်ချက်ငြိမ့်ပြပြီး ဂျောင်ဂုအနောက်ကို မေးဆတ်ပြလိုက်သည်။

"ဟိုမှာ မင်းအမျိုးသား ရောက်နေပြီ"

နည်းပြစကားအဆုံး ဂျောင်ဂုနား‌ထင်ကြောတွေ ထောင်သွားပြီး အနောက်ကို ကမန်းကတမ်းလှည့်ကြည့်လိုက်မိသည်။ ထိုအခါ အဖြူရောင်ရှပ်အင်္ကျီလက်ရှည်လေးနဲ့ စတိုင်ပန့်အနက်ရောင်လေးကို တွဲဖက်ဝတ်ဆင်ထား၍ လက်ထဲတွင်လည်း အညိုရောင်အိတ်လေးတစ်လုံးနှင့် ထယ်ယောင်းအား တွေ့လိုက်ရသည်။ ကျောင်းဆရာပီပီရုပ်တည်လေးနဲ့ နေ,နေရာမှ ဂျောင်ဂုနဲ့ အကြည့်ချင်းဆုံလေတော့ ကလေးတစ်ယောက်ပမာ ချက်ချင်းပြုံးပြလာလေသည်။

Popular Two Top [Completed]Tempat cerita menjadi hidup. Temukan sekarang