intro

4.9K 199 2
                                    

**အိုဘယ့်ခရေ…
အုံ့ဆိုင်းအပင် ပွင့်လန်းစေပြီး
ကြွေခမြေမှာ ပြန့်ကျဲနင်းခြေ
တော်မဝင်လို့ မြေမှာကျလဲ
အရေတယူ ပြုမူမခံ
လျစ်လျူရှုကာ ဥပေက္ခာသာ
ပေးအပ်ခံရ ခရေဘဝ**

ခင်ရနံ့သာဆိုတာမိန်းမလျာတစ်ယောက်
အလှတရားတွေ သိက္ခာတွေ မာနတွေနဲ့နေထိုင်သူဆိုလဲမမှားပေဘူး…
(ခင်ရနံ့သာ)

ခင့်ကိုကျုပ်ချစ်တယ်ခင့်ကိုချစ်လို့ရာထူးပြုတ်မယ်ဆိုရင်လဲ ကျုပ်ဆိုတဲ့ဇာဏ်က ရာထူးပြုတ်ခံဖို့အဆင်သင့်ဘဲ…
(ဇာဏ်)

_______

ခင့်နာမည်ခင်ရနံ့သာပါခင်ကယောကျာ်းတစ်ယောက်ပါ၊ဒါပေမဲ့ မိန်းမတစ်ယောက်လိုပြုမူနေထိုင်တဲ့ယောက်ျားတစ်ယောက်။

"သား...လူကလေး...ရေနံဆီသွားဝယ်စမ်းပါ့ကွယ်"

အမေ့ခေါ်သံကြားတော့ခင့်ရဲ့ခန္ဓာကိုယ်ကတောင့်သွားတယ်။ခင်အခုထိုင်နေတာ သနပ်ခါးကျောက်ပြင်နဲ့မှန်အရှေ့မှာလေ။
ခင့်မျက်နှာမှာလဲ သနပ်ခါးတွေကဖွေးလို့.. ခင်အမေ့ကိုလှည့်မကြည့်ရသေးခင် အမေက ခင့်အနားကိုတိုးကပ်လာပြီး ခင်ပခုံးကိုဆွဲလှည့်လိုက်တယ်။

"သား....မင်း....မင်း..."

"တောင်းပန်ပါတယ် အမေရယ်....ခင်တောင်းပန်ပါတယ်"

ခင်ဆိုတဲ့အသုံးနှုန်းနဲ့တောင်းပန်မိလေတော့အမေဖြစ်သူကဒေါသတကြီးရိုက်တော့တယ်။အရိုက်ခံနေရလဲ ခင့်စိတ်တွေက ယောကျာ်းဖြစ်မသွားတော့ဘူး၊ခင့်အတွက် ကျွန်တော်ဆိုတာထက် ကျွန်မဆိုတဲ့အသုံးနှုန်းကို ပိုပြီး နှစ်သက်နေမိတယ်။

"ငါသားမွေးထားခဲ့တာကိုမိန်းမမြတ်သတ်မှတ်ထားခဲ့တာ
မင်းလို သူများသားမယား ပစ်မှားခဲ့တဲ့သန္ဓေဆိုး သန္ဓေယုတ်ကို ငါမွေးခဲ့မိတာလား....ရှက်ဖို့ကောင်းလိုက်တာ ရှက်ဖို့ကောင်းလိုက်တာ...မင်း...မင်းကိုငါကလေ ဘယ်လောက်တန်ဖိုးထားခဲ့ရလဲ မင်းနားလည်လား"

ခင်ဘာမှပြန်မပြောမိဘူး…။အမေ့နားမှာထိုင်နေရင်းဘဲငိုနေမိတယ် ခင်လဲ မိန်းကလေးအစစ်ဖြစ်ချင်မိတယ်။ခင့်ဘဝက ယောကျာ်းဖြစ်နေလို့အဓိပ္ပာယ်မရှိဘူးလို့ ခံစားမိတယ်။

ပန်းလေးလိုချစ်သူ (Completed)Where stories live. Discover now