Zawgyi code
၁နှစ်ခန့်ကြာသော်……
"ခင်ရေ…ခင်"
"ရှင့်....ခင်ဒီမှာအစ်ကို"
"ခင်ကလဲ အရေးပိုင်ကတော်ဘဲဖြစ်နေပြီကို ကိုယ်တိုင်ဟင်းချက်တုန်းလား"
"ဟီး…အစ်ကို့ကို ဒုက္ခမပေးရတာကြာလို့ ခင့်လက်ရာနဲ့ဒုက္ခပေးမလို့"
"ပြောလဲပြောတတ်ပါ့ခင်ရယ်…ကိုယ်ကခင့်လက်ရာဆို
ထမင်း မြိန်တာမှန်ပေမဲ့ ခင်လေးပင်ပန်းတာတော့မလိုလားဘူးခင်ရယ်"" ခင်လုပ်နိုင်ပါတယ်အစ်ကိုရဲ့ မိန်းကလေးတွေတောင်လုပ်နိုင်သေးတာ ခင့်လို ယောက်ျားတစ်ယောက်ကမလုပ်နိုင်ဘူးဆိုတာမဟုတ်ဘူးလေ"
"ပြောလဲပြောတတ်ပါ့ခင်ရေ…ကိုယ့်ရဲ့ခင်က သိပ်ကို နုနယ်ပြီးချောမောနေလို့ ကိုယ်ကမထိရက်မကိုင်ရက်ဖြစ်နေရတာပါဗျာ"
ခင်နဲ့ကျုပ်ဘဝက အခုဆိုအတော့်ကိုသာယာအေးချမ်းသည်။ခင့်ကိုလဲ လူတိုင်းကချစ်ကြတယ် ကျုပ်သိပ်မုန်းတဲ့အခေါ်ဝေါ်ကြီးကိုလဲ အခုဆိုကြားရခဲနေပြီ ။
အဲ့ဒီအစား ခေါ်ကြတာက မိန်းမလျာလေးတဲ့လေ…အမြင်တွေမနိမ့်ပါးရင် အခေါ်အေဝ်ါတွေတန်းမြင့်သွားတာ ထုံးစံပါဘဲ…။
ကျုပ်ရဲ့ လေးဆူဓာတ်ပုံရွှေတိဂုံကဆုတောင်းဟာတော့
တစ်နှစ်အတွင်းပြည့်ဝခဲ့သည်။"ဟိတ်…အစ်ကို…ဘာတွေပြုံးနေတာလဲ"
"ကိုယ့်ဆုတောင်းတြွပေည့်တဲ့အကြောင်းတွေးမိလို့ပါခင်ရယ်"
"ဘာများလဲ…ရာထူးတိုးဖို့လား ကလေးလေးယူ…အဲ…အဲလေ…အစ်ကိုပြောပါ"
"ခင်ကတော့ကွာ ကိုယ်ကဘာကိစ္စ ကလေးယူချင်ရမှာလဲ သားသမီးရရင် ခင်က ကိုယ့်ကိုချစ်နေတဲ့အချစ်တွေလျှော့သွားပြီး သားသမီးတွေကိုပိုချစ်လိမ့်မယ် အဲ့တော့ မရတာမှကောင်းသေးရဲ့…ရာထူးတိုးဖို့ကရော ဘာလိုသေးလို့လဲ အရေးပိုင်ဖြစ်နေပြီဘဲ တော်ပြီပေါ့"
"ဒါဆိုဘာလဲဟင်"
"လူတွေရဲ့စိတ်မှာ ခင့်ကိုနားလည်သလို တခြားမိန်းမလျာတွေကိုလဲနားလည်ဖို့…အခုဆိုရင် အခေါ်အေဝ်ါဆိုးတွေမကြားရတော့ဘူး"
YOU ARE READING
ပန်းလေးလိုချစ်သူ (Completed)
Romanceခရေပန်းတွေရဲ့အဓိပ္ပာယ်က မေ့မသွားပါနဲ့တဲ့လေ...။ တစ်စုံတစ်ယောက်ကကိုယ့်ကိုမေ့သွားမှာကိုစိုးရိမ်မိတဲ့အခါတွေမှာ ခရေပန်းတွေကို ခင် ပန်ဆင်မိတယ်...။ ခင်ကဘာကြောင့်အချိန်တိုင်းခရေပန်းကိုပန်ဆင်နေရလဲဆိုရင်တော့ အစ်ကိုမေ့သွားမှာကို မလိုလားတဲ့စိတ်ကြောင့်ပါဘဲ ခရပေ...