Part 1

5K 294 1
                                    

Zawgyi code

ခင်ကမိန်းမ မဟုတ်သောမိန်းမတစ်ယောက်
ယောက်ျားဘဝရပါရဲ့နဲ့အမျိုးသမီးလိုဝတ်စားခြင်းကိုနှစ်သက်တဲ့သူပေါ့

တစ်နည်းအားဖြင့်မိန်းမလျာပါ ခင်တို့ဘဝတွေကသာမန်အမျိုးသမီးများထပ်တောင်အနေထိုင်သွားအလာဂရုစိုက်ရပါတယ်…ပန်းပွင့်ချင်းတူနေရင်တောင် နှင်းဆီတွေသဇင်ပန်းတွေကို ခရေပန်းပွင့်ငယ်ကမယှဉ်နိုင်သလိုဘဲ ခင်တို့ကလဲမယှဉ်ခဲ့ပါဘူး။

"ခင်ရေ.."

"ဟုတ်ကဲ့မြို့အုပ်မင်း.."

ခင့်ကိုအလေးပေးဆက်ဆံတဲ့တစ်ဦးတည်းသောလူက
မြို့အုပ်မင်းတစ်ဦးသာဖြစ်သည်။သူဟာကခင့်ကိုလှတယ်လို့အမြဲပြောနေတတ်တယ်ခင့်ဆီကိုလဲမကြာခဏအလည်လာသည်။မြို့အုပ်မင်းက ချောတယ် ခန့်တယ်…တည်ငြိမ်တယ်…။

"ခင်ကကိုယ့်စကားနားမထောင်ဘူးနော်"

"ခင်ဘာလုပ်မိလို့လဲ"

ခင့်မျက်နှာလေးကချက်ချင်းဆိုသလိုမှိုင်သွားပြီးကျုပ်ကိုမရဲတရဲအကြည့်နဲ့ကြည်ကာမေးလာတော့စိတ်မကောင်းဖြစ်မိသည်။

"အော်..ခင်ရယ်ကိုယ်ပြောတာက မြို့အုပ်မင်းလို့မခေါ်ဘဲ
အစ်ကိုလို့ခေါ်ဖို့လေ"

"ဖြစ်ပါ့မလား....ခင်မခေါ်ဝံ့ဘူး"

မရဲတရဲကြည့်ကာပြောလာသောစကားလေးနှင့်အကြည့်တချို့က ကျုပ်အား အမျိုးအမည်မသိသောခံစားမှု…ခေါင်းစဉ်မရှိသောကဗျာတစ်ပုဒ်ကိုရေးဖွဲ့စေ၏…။

"ခင်ကအရမ်းလှလို့မာနကြီးတာလား"

"မဟုတ်ပါဘူးအစ်ကိုရယ်....အစ်ကိုမကြိုက်ရင်မခေါ်တော့ဘူး"

"ခင့်ကိုကိုယ်ချစ်တယ် ဒါဟာလွယ်လွယ်ပြောတဲ့စကားမဟုတ်ပါဘူး ကိုယ်မပြောမိအောင်လဲထိန်းချုပ်ခဲ့တယ် ဒါပေမဲ့......ဒါပေမဲ့ခင်ရယ်"

အချစ်ဆိုတာကထိန်းချုပ်ဖို့မှမလိုဘဲ...ကျုပ်ခင့်ကိုချစ်တယ်ဆိုတာထပ်လေးနက်တဲ့စကားရှိရင်ပြောချင်‌‌သေးတယ်.....ခင့်မျက်လုံလေးမျက်ရည်တွေဝေ့သီးလို့ကျွန်တော့်ကိုကြည့်လာတဲ့အကြည့်ကရင်ထဲထိအောင်နာကျင်ရသည်.......ဒါဟာ အချစ်....ဒါဟာမြတ်နိုးခြင်း....။

ပန်းလေးလိုချစ်သူ (Completed)Where stories live. Discover now