Zawgyi code
" ခင်..ကိုယ့်ကိုကြည့်ပါဦး"
"……"
"မုန်းနေလားခင်...ကိုယ့်ကိုသိပ်မုန်းမိနေလား"
မေးသမျြှပန်မဖြေဘဲတစ်နေရာကိုသာကြည့်နေတဲ့ခင်ကြောင့် ကျုပ်ဒေါသဖြစ်လာသည်။
အိတ်အတွင်းမှာဆောင်ထားနေကျဓားတိုကိုထုတ်ကာလည်ပင်းမှာထောက်လိုက်သည်။
"ခင် ကိုယ့်ကိုလျစ်လျူရှုနေဦးမယ်ဆိုရင် ဒီဓားနဲ့ကိုယ့်လည်ပင်းကို ကိုယ်ထိုးရလိမ့်မယ်"
ကျုပ်ထိုသို့ပြောတော့ခင်ကလှည့်ကြည့်သည်။ခင့်ပါးပြင်ကသနပ်ခါးတွေကလဲမျက်ရည်ကြောင့်ပျက်နေသည်။
"မလုပ်ပါနဲ့ အစ်ကိုရယ်...ခင်တောင်းပန်ပါတယ် မလုပ်ပါနဲ့"
"ပြောလေခင်…မင်းလေးကိုယ့်ကိုပြောစမ်းပါ ချစ်လား ဒါမှမဟုတ် သိပ်ကိုမုန်းနေသလား"
"မဟုတ်ပါဘူးအစ်ကိုရယ်...ခင်တောင်းပန်ပါတယ်"
"ကိုယ်ကသိပ်တောင်းပန်ခံချင်တဲ့ပုံပေါက်နေလားခင်"ခင့်ကိုခပ်စိမ်းစိမ်းအကြည့်နဲ့ကြည့်ကာဓားကိုလဲအနည်းငယ်ဖိလိုက်သည်။
"တော်ပါတော့...အစ်..အစ်ကို့ကိုချစ်ပါတယ် ခင်တောင်းပန်ပါတယ် အဲ့ဓားကိုလွှတ်လိုက်ပါ"
ခင့်ကိုတော့သနားလဲသနားမိသလိုစိတ်မကောင်းလဲဖြစ်သည်။တစ်ရက်တည်းနဲ့တင် ထိတ်လန့်စရာကိစ္စနှစ်ခုတောင်ကျုပ်ရဲ့
ချစ်ရသူကတွေ့ကြုံရသည်။"ခင်ကွာ...ကိုယ်တောင်းပန်ပါတယ်
ကိုယ်အဲ့လိုမှမလုပ်ရင်ခင်ပြောမှာမဟုတ်လို့ပါ""ခင်နားလည်ပါတယ် ဒါပေမဲ့ မဖြစ်သင့်"
"ရှုးးး မဖြစ်သင့်ဘူးဆိုတာမရှိဘူးခင် အရာအားလုံးကံတရားဘဲ"
"ခင့်ကို ပစ်သွားတဲ့အခါ အသက်ရှင်ရက်တော့မချန်ခဲ့ပါနဲ့ ခင့်ကိုသတ်သွားပါ "
"ခင်ရယ် ဘာလိုအဲ့လိုပြောနေရတာလဲ ကိုယ်ကခင့်ကိုထားခဲ့မှာမဟုတ်ဘူး ပြီးတော့ ကိုယ်က ခင့်ကိုသိပ်ချစ်တယ်…ခင့်ကိုယုံပါလို့မပြောချင်ဘူး ယုံအောင်သက်သေပြမယ်"
YOU ARE READING
ပန်းလေးလိုချစ်သူ (Completed)
Romanceခရေပန်းတွေရဲ့အဓိပ္ပာယ်က မေ့မသွားပါနဲ့တဲ့လေ...။ တစ်စုံတစ်ယောက်ကကိုယ့်ကိုမေ့သွားမှာကိုစိုးရိမ်မိတဲ့အခါတွေမှာ ခရေပန်းတွေကို ခင် ပန်ဆင်မိတယ်...။ ခင်ကဘာကြောင့်အချိန်တိုင်းခရေပန်းကိုပန်ဆင်နေရလဲဆိုရင်တော့ အစ်ကိုမေ့သွားမှာကို မလိုလားတဲ့စိတ်ကြောင့်ပါဘဲ ခရပေ...