Part 5

1.8K 177 4
                                    

Zawgyi code

ခင်ရနံ့သာဆိုတဲ့ကျွန်မကအချစ်စစ်နဲ့မတန်ဘူးထင်ပါရဲ့…ကျွန်မကို အရက်သမားတွေကမထိတထိစကြတယ်…အခု အစ်ကို့ကြောင့်ဘယ်သူမှခင့်ကိုအဲ့လိုမလုပ်ရဲဘူး ရပ်ကွက်ထဲမှာဆိုလဲ ခင့်ကို တချို့အမျိုးသားတွေက မိန်းကလေးလိုဘဲ ဆက်ဆံတယ်…။

ဒါပေမဲ့အစ်ကိုရယ်…ခင်ကမိန်းမတစ်ယောက်မှမဟုတ်ခဲ့ဘဲလေ…ယောက်ျားတစ်ယောက်ကိုချစ်ဖို့မဖြစ်သင့်ဘူးမလား…။

ခင်ရနံ့သာတစ်ယောက်ရှောင်ပြေးဖို့ကြံရာတွင်ပြေးစရာအရပ်များများစားစားလဲမရှိလှသူမို့ မိဘများရှိစဉ်က ချန်ခဲ့သော အိမ်ကိုသာပြောင်းလာခဲ့သည်။

*အစ်ကိုကရက်တွေကြာရင် မေ့မှာပါ ရာထူးစည်းစိမ်တွေနဲ့ဘဲလေအစ်ကိုရယ်*

ကျုပ်ဒီမနက်ရုံးကိုမလာခင် ခင့်အိမ်ကိုသွားကြည့်တော့အိမ်ကသော့ခတ်ထားပြီးအရိပ်ယောင်လဲရှိမနေဘူး…

ကျုပ်ထင်ထားတဲ့အတိုင်းပေါ့ ကျုပ်ကတော့ဒီအခြေနေကိုကြိုတွေးထားတာမို့ သိပ်စိတ်မရှုပ်ဘူး အဲ့ဒီအစား ခင် ခတ်ခဲနေမှာဘဲကျုပ်ကြောက်တယ်။

"Long time no see..."

"ဘာကိစ္စလဲ…"

ခင့်အကြောင်းတွေးနေတုန်းရောက်လာသူကြောင့်စိတ်ရှုပ်သွားရသည်။ တခြားသူတော့မဟုတ် ဦးအေးသာတို့လိုဘဲ မှောင်ခိုတွေ ညဉ့်ငှက်တွေနဲ့စီးပွာဖြစ်နေတဲ့ ဦးမဟာဆွေ…

"အိုဟိုးး...လူကြီးမင်းရဲ့ ညဉ့်ငှက်ကလေး လှောင်ချိုင့်ထဲကပြေးပြီလို့သတင်းကြားထာလို့ ကျုပ်က အသစ်တစ်ယောက်လာဆက်သတာပါ"

"ဘာကွ!!"

"လူကြီးမင်း စိတ်ထိန်းပါ ဒီလိုလက်ဆောင်မျိုးကိုကျုပ်ကတော်ရုံလူကိုမပေးတတ်လို့ လူကြီးမင်း ဂုဏ်ယူသင့်တယ်"

ကျုပ်ကိုစော်ကားခြင်းကအကြောင်းမဟုတ်…ခင့်ကိုပါညဉ့်ငှက်နဲ့ခိုင်းနှိုင်းလာ၍ကျုပ်ဒေါသတွေကတော့ ချိန်ကိုက်ဗုံးလိုပင်…

"ဒီမှာ ဦးမဟာဆွေ…ခင်ဗျားလို လူ့ငနွားက ကျုပ်ရဲ့အမျိုးသမီးကို စော်ကားပြောဆိုတာတွေရပ်သင့်တယ်"

ပန်းလေးလိုချစ်သူ (Completed)Where stories live. Discover now