Zawgyi code
ကျွန်မနဲ့ကြည်သာ ခြံထဲမှာခရေပန်းတွေကောက်ပြီးအိမ်ထဲပြန်ဝင်လာခဲ့တယ်…အစ်ကို့အိမ်ကိုသေသေချာချာကြည့်မိတော့မှ တန်ဖိုးကြီးအသုံးဆောင်တွေ အဆင်မြင့်ပစ္စည်းတွေကိုသတိထားမိသည်။
"ဒီခရေပန်းတွေကို ဘာလုပ်ဖို့လဲအစ်မလေး"
"ဘုရားပန်းကပ်လို့ရတယ်လေ…"
"ဪ…ဘုရားပန်းကပ်လို့ရလား…ကြည်သာကတော့ဘုရားပန်းဆိုရင် စံပယ်နဲ့နှင်းဆီအဖြူလေးတွေဘဲကပ်ဖူးတယ်…ခရေပန်းဆိုတာ မြေပြင်ပေါ်ကြွထေား လူတွေနင်းထားတဲ့ အရောင်နွမ်းနွမ်းနဲ့မို့လို ဘုရားမကပ်ဘူး"
"ဪ...ကြည်သာရယ် အရောင်နွမ်းပေမဲ့ ရနံ့သင်းတဲ့ခရေတွေ အရောင်လဲမနွမ်းသလို ရနံ့လဲသင်းနေသေးတဲ့ခရေတွေရှိပါတယ် ပြီးတော့ အရောင်အဆင်းဆိုတာက
အဓိကမကျဘူးလေ ခင်တို့တောင်
အပြစ်မလုပ်ဘဲပြောခံရတာရှိသလို သူတို့လဲ အရောင်လှ ရနံ့သင်းနေရဲ့နဲ့ လူတွေနင်းတာခံရတာမျိုးရှိတတ်တာပေါ့""ဟုတ်ကဲ့အစ်မလေး ကြည်သာမှတ်ထားပါ့မယ်"
ကျွန်မနဲ့ကြည်သာရှိနေတဲ့အချိန်အိမ်ကြီးထဲကိုဘယ်သူမှဝင်မလာကြဘူး…ဒေါ်ယဉ်ဆိုတဲ့ အဒေါ်ရောပေါ့…သူမကဒီအိမ်ရဲ့အမှုကိစ္စအဝဝကို စီစဉ်ရတဲ့လူလို့အစ်ကိုကပြောထားဖူးတယ် သူမက ဒီအိမ်ရဲ့ အိမ်စေတွေကိုညွှန်ကြားရတယ်…။
"အစ်မလေး ထမင်းစားတော့မလား ကျွန်မ ပြင်ပေးပါ့မယ်"
"ခင်လဲကူပါ့မယ် ခဏနေဆို အစ်ကိုပြန်လာရော့မယ်"
"ဟုတ်ကဲ့ အစ်မလေး"
ဒေါ်ယဉ်ဆိုသူကထမင်းစားချိန်ရောက်တော့အိမ်စေတွေနဲ့အတူအိမ်ထဲရောက်လာသည်။ ဒါလဲ အစ်ကိုပြောတဲ့အတိုင်းသူတို့လုပ်ရတာနေမှာပေါ့…။
"ခင်ရေ....ခင်လေးရေ...ကိုယ့်မိန်းကလေးရေ"
"ဟာ...အစ်ကိုရာ..ဘာလို့အဲ့လိုကြီးအိမ်ရှေ့ကနေအော်လာရတာလဲ"
"ခင်ကလဲ...ကိုယ့်ခင်လေးက ကိုယ့်အပိုင်မှန်းလူသိအောင်ပေါ့"
"ဒီခြံထဲမှာမသိတဲ့လူဘယ်သူရှိလို့လဲ"
"အခုကိုယ့်အော်သံကြောင့် အနောက်၇အိမ် အရှေ့၇အိမ်ကြားသွားတော့ပိုမကောင်းဘူးလား"
YOU ARE READING
ပန်းလေးလိုချစ်သူ (Completed)
Romanceခရေပန်းတွေရဲ့အဓိပ္ပာယ်က မေ့မသွားပါနဲ့တဲ့လေ...။ တစ်စုံတစ်ယောက်ကကိုယ့်ကိုမေ့သွားမှာကိုစိုးရိမ်မိတဲ့အခါတွေမှာ ခရေပန်းတွေကို ခင် ပန်ဆင်မိတယ်...။ ခင်ကဘာကြောင့်အချိန်တိုင်းခရေပန်းကိုပန်ဆင်နေရလဲဆိုရင်တော့ အစ်ကိုမေ့သွားမှာကို မလိုလားတဲ့စိတ်ကြောင့်ပါဘဲ ခရပေ...