Zawgyi code
"ကိုယ့်ကို ကြည့်ပါဦး ခင်လေးရဲ့"
မျက်ရည်တွေရွှဲနေသောမျက်နှာလေးနဲ့ကျုပ်အားခင့်ကြည့်လာသည်…ခင်ငိုတိုင်း ကျုပ်ရင်ထဲမှာနာကျင်ရတာခင်သိပါလေစ…။
"ခင့်ကို ကိုယ်ချစ်ခဲ့တာက ခိုင်းစားဖို့မှမဟုတ်ခဲ့ဘဲ…ချစ်ဖို့ ကြင်နာဖို့ အနီးကပ်စောင့်ရှောက်ဖို့တွက်ဘဲချစ်ခဲ့တာ…အမျိုးသမီးတွေတက်အပ်တဲ့ပညာလဲ ခင်တက်သင့်သလောက်တက်တာဘဲ အလှဆိုလဲ ခင်ကတောင် ပိုလှနေသေးသလို ကိုယ်ခံစားမိနေတာ…ဒါကြောင့်မို့လို့ စိတ်ရှုပ်ခံပြီးမတွေးပါနဲ့ကွာ...နော်"
"အင်းပါ...ခင်ထပ်မတွေးတော့ဘူး အစ်ကိုလဲပင်ပန်းလာတာကို နားတော့လေ…ခင် ညစာပြင်ထားပေးမယ်"
ခင်ကကျွန်တော့်စကားကြောင့်ရှက်သွားသည်ထင်…ရှောင်ပြေးဖို့ရာလမ်းရှာပြန်သည်…။ကျုပ်ကလဲ လွှတ်မပေးချင်တာမို့ ရအောင်တားဦးမည်။
"နေပါစေခင်…ခင်ကိုယ်တိုင်သွားမလုပ်ပါနဲ့ ခင်ကကိုယ့်အတွက် အဝတ်စားထုတ်ပေးပြီး ဒီမှာထိုင်နေလေ"
"ဟုတ်...ဟုတ်ကဲ့"
"နေ့လယ်က ကိုယ့်ဆီကို ခင့်လိုအမျိုးသမီးရောက်လာတယ်..."
"ဘာကိစ္စတဲ့လဲ"
"ရည်းစားစကားပြောခံရလို့လာတိုင်တာတဲ့ခင်ရယ်…ဟားးးဟားး ဟိုကောင်လေး မျက်နှာမှာလဲ လက်ဝါးရာကြီးနဲ့ တကယ့်စွာတေးလန်တွေ…"
"အစ်ကိုကလဲ သူများကို"
"ကိုယ့်ရဲ့ခင်လဲ ကိုယ့်ကိုပါးရိုက်ချင်ခဲ့မှာဘဲနော်"
"အို...ကြံကြီးစည်ရာ အစ်ကိုရယ်...ခင် အစ်ကို့ကို တစ်ခါမှ စိတ်နဲ့တောင်မစော်ကားခဲ့ပါဘူး"
ကျုပ်ကစနောက်ခြင်းဆိုပေမဲ့ ခင်ကတကယ်ထင်ပြီးထိတ်ထိတ်ပျာပျာနဲ့ငြင်းရှာသည်ကို ကျုပ်ပြုံးရပြန်ပါသည်။
"သိပ်ချစ်စရာမကောင်းနဲ့ခင် အိမ်ထဲကအိမ်ပြင်တောင်ပေး
မထွက်ချင်လောက်အောင် လောဘကြီးမိလိမ့်မယ်""ခိခိခိခိ"
"နောက်ရက်ကျရင် ခင့်ကိုရက်ကန်းခတ်တာတွေချည်ထိုးတာတွေလုပ်တဲ့ခင့်လိုအမျိုးသမီးတွေရှိတဲ့နေရာခေါ်သွားပေးဦးမယ်…အဲ့ဒီမှာဆို ခင်သိချင်တာကို လွတ်လွတ်လပ်လပ်မေးလို့ရတယ် ဝယ်ချင်တာရှိလဲရတယ်"
YOU ARE READING
ပန်းလေးလိုချစ်သူ (Completed)
Romanceခရေပန်းတွေရဲ့အဓိပ္ပာယ်က မေ့မသွားပါနဲ့တဲ့လေ...။ တစ်စုံတစ်ယောက်ကကိုယ့်ကိုမေ့သွားမှာကိုစိုးရိမ်မိတဲ့အခါတွေမှာ ခရေပန်းတွေကို ခင် ပန်ဆင်မိတယ်...။ ခင်ကဘာကြောင့်အချိန်တိုင်းခရေပန်းကိုပန်ဆင်နေရလဲဆိုရင်တော့ အစ်ကိုမေ့သွားမှာကို မလိုလားတဲ့စိတ်ကြောင့်ပါဘဲ ခရပေ...