Zawgyi code
"ခင်...ဘယ်လိုဖြစ်လို့ ဒီတိုင်းဝတ်လာတာလဲ ရင်ဘတ်က "
"ဟင်....အာ...အဲ့ဒါကဘုရားတရားလုပ်ဖို့သွားတဲ့အချိန်ဘဲလေ လှစရာမလိုဘူး ပြီးတော့ ဒီတိုင်းလေးကပိုအဆင်ပြေတယ်"
"ဟုတ်ပါပြီ ကိုယ့်ရဲ့ခင်လေးစိတ်တိုင်းကျပါဗျာ"
ကျုပ်ရဲ့ခင်ကအရမ်းချစ်စရာကောင်းတယ်…အခုလဲအပြင်သွားမှာဆိုပေမဲ့ ခါတိုင်းလိုခင့်ရင်ဘတ်မှာဂွမ်းလိပ်ထည့်ကာ
ပြင်မထားဘဲ အရှိအတိုင်းလေးကိုဘဲ ဝတ်စုံလေးနဲ့အေးချမ်းနေပြန်သည်။"ဟာ...မြို့အုပ်မင်းက ညဉ့်ငှက်လေးပါခေါ်လာတာဘဲ"
"ခင်ဗျား ဘာစကားပြောတာလဲ ဒါ ကျုပ်အမျိုးသမီး ကျုပ်မိန်းမ"
"အိုဟိုးး i see i see"
"အစ်ကိုရယ် စိတ်လျှော့ပါ ခင်တို့ကုသိုလ်ယူဖို့လာတာ ကုသိုလ်ရအောင်ဘဲနေကြမယ်လေ"
"ကိုယ်ဘာမှမဖြစ်ပါဘူး ခင် ဟိုးအရှေ့ကနေရာမှာသွားထိုင်နော် ကိုယ်ခဏနေရင်လာခဲ့မယ်…"
"ဟုတ်ကဲ့ အစ်ကို"
"သုခ…မင်း အစ်မလေးနောက်ကိုလိုက်သွားပြီးစောင့်နေ"
သုခဆိုတာကကျုပ်ရဲ့လုံခြုံရေးကိုတာဝန်ယူတဲ့လူပေါ့
ကျုပ်ကပုံမှန်အားဖြင့်ဝတ်ရွတ်အသင်းလာရင်သုခကိုခေါ်လာလေ့မရှိဘူး ဒီတစ်ခေါက်ကတော့ အရေးကြီးပုဂ္ဂိုလ် ကျုပ်အမျိုးသမီးလေးပါနေတော့ သုခကိုခေါ်လာခဲ့ရတယ်…။ကျုပ်ကတော့ခင့်ကိုစော်ကားပြောဆိုတဲ့လူဆီကိုသွားလိုက်သည်။
"ဒါက မြို့အုပ်မင်းရဲ့ အမျိုးသမီးလေးလား"
"ဟုတ်ကဲ့"
ဘယ်ကဘယ်လိုသိလာတယ်မှန်းခင်မသိပေမဲ့ ဝတ်ရွတ်အသင်းရဲ့ လူတချို့က ခင့်ကို မြို့အုပ်မင်းရဲ့အမျိုးသမီးလားဆိုပြီး ထူးထူးဆန်းဆန်းကြည့်ကြတယ် နေရခတ်ပေမဲ့လည်း ဒါက
စစချင်းမို့ဖြစ်တာလို့ဘဲတွေးထားလိုက်တယ်…။"မြို့အုပ်မင်းရဲ့ အမျိုးသမီးကျတော့လည်း ယဉ်လိုက်တာဗျာ ကျုပ်တို့လမ်းထဲက ရှပ်ပြာမတွေနဲ့များကွာပါ့"
YOU ARE READING
ပန်းလေးလိုချစ်သူ (Completed)
Romanceခရေပန်းတွေရဲ့အဓိပ္ပာယ်က မေ့မသွားပါနဲ့တဲ့လေ...။ တစ်စုံတစ်ယောက်ကကိုယ့်ကိုမေ့သွားမှာကိုစိုးရိမ်မိတဲ့အခါတွေမှာ ခရေပန်းတွေကို ခင် ပန်ဆင်မိတယ်...။ ခင်ကဘာကြောင့်အချိန်တိုင်းခရေပန်းကိုပန်ဆင်နေရလဲဆိုရင်တော့ အစ်ကိုမေ့သွားမှာကို မလိုလားတဲ့စိတ်ကြောင့်ပါဘဲ ခရပေ...