Part 4

2K 208 1
                                    

Zawgyi code

ကျုပ်ဘဝကဝဋ်ကြွေးကြီးလွန်းလှသည်…
ကျုပ်ကအေးချမ်းချင်ခဲ့တာ ပျော်ချင်ခဲ့တာ ချစ်ချင်ခဲ့တာ ဒါပေမဲ့အခုကထိုသို့မဟုတ်…အမှုကိစ္စနှင့်သာနစ်မြုပ်ရတယ် အချစ်ဆိုပြန်တော့လဲ တန်ဖိုးကြီးလွန်းတဲ့မိန်းမလျာငယ်လေးရယ်မို့ သာမန်အမျိုးသမီးများထပ်တန်ဖိုးထားမိရသည်။

"မြို့အုပ်မင်း…ဝတ်ရွတ်ဖို့သွားရပါဦးမယ်"

"ဟုတ်သား ဒေါ်ယဉ်…ကျုပ်မေ့နေတာ အခုပြင်ဆင်ပြီးလာခဲ့ပါ့မယ်"

ကျုပ်ကတစ်ပတ်ကိုတစ်ကြိမ်ဝတ်ရွတ်အသင်းမှာဝတ်ရွတ်လေ့ရှိသည်…။ဗုဒ္ဓဘာသာဖြစ်တာကတစ်ကြောင်း…အုပ်ချုပ်သူဖြစ်တာကတစ်ကြောင်းမို့ ဘုရားတရားလဲပါဝင်ရသည်။

*အစ်ကိုရယ်…ခင်တော့ရူးနေတယ်ထင်ပါရဲ့*

ခင်ကမိန်းမသားမှမဟုတ်ဘဲယောက်ျားတစ်ယောက်လေ…ခင့်ဘဝကိုခင့်စိတ်တိုင်းကျသာမိန်းမလိုနေနေပေမဲ့ခင်ကမိန်းတစ်ယောက်မဟုတ်တဲ့အတွက်အစ်ကိုထိခိုက်ဦးမှာဖြစ်တယ်…။

ခင်လဲများများစားစားမတွေးတတ်တော့ပါကျောင်းနေအရွယ်တည်းကနေကျောင်းသာပြီးတယ် ခင့်ဘဝကအရာမဝင်ခဲ့ပေဘူးလေ…

ညတာအတွက်ကတော့ဘာမှလုပ်စရာမရှိတာမို့ဘုရားရှိခိုးပြီးဖယောင်းတိုင်မီးမှုတ်ကာ အိပ်ရာဝင်ခဲ့ရသည်။

ကျုပ်ရဲ့ခင်…ဘယ်လိုများနေပါလေစ…ဒီအချိန်ဆိုလက်သွယ်သွယ်လေးတွေကအေးနေလေမလား…ချောင်းဆိုးနေရှာမလားကျုပ်မှာတွေးမိပြန်သည်။ ဘဝဆိုတာချိုတလှည့်ခါးတလှည့်တဲ့ခင်ရယ် ခင့်အမျိုးသားဘဝကတော့ အခါးတွေနစ်နေပြီ အချိုတွေတော့ရောက်မလာသေးဘူး…

အတွေးဆိုတာကလဲသွားလေသွားလေခရီးရောက်ပါသည်။ထို့ကြောင့် အနားယူဖို့သာပြင်လိုက်သည်။

မနက်မိုးလင်းတော့ကျုပ်ရဲ့တနေ့တာထုံးစံအတိုင်းရေချိုးပြီး အဝတ်ကိုခန့်ခန့်ညားညားဝတ်ကာ ရေမွှေးကိုထုံနေအောင်ဆွတ်ရပါသည်။

မနက်စာတွေလဲမစားနိုင်တော့ပါဘူး…။ခင့်ကိုသာလွမ်း၍ခင့်ဆီသာလာရပါသည်။

ပန်းလေးလိုချစ်သူ (Completed)Where stories live. Discover now