Zawgyi code
"မြို့အုပ်မင်း...ဒါလေးလက်ခံပါဗျ"
"ဘာတုန်း ဦးအေးသာရဲ့"
ဘမြိုင်ရဲ့အမေနာရေးကနေပြန်ရောက်တော့ဦးအေးသာကကျုပ်ဆီရောက်လာတယ်…။
ဦးအေးသာဆိုတာလောင်းကစားဝိုင်းတွေအရက်ဆိုင်တွေနဲ့ညဉ့်ငှက်တွေကို စီးပွားလုပ်သောငွေမဲသမားဖြစ်သည်။သူ့အားဖမ်းဆီးရန်လိုသော်လည်းဘဲ အခုထိ သက်သေမစုံပေ…"အော်..မြို့အုပ်မင်းလဲ အထက်ကပေးတဲ့လစာကနည်းတယ်မို့လား ဒါကြောင့် ကျုပ်ကငွေနည်းနည်း လာဆက်သတဲ့သဘောပါ"
"ပြန်ယူသွားလိုက်ပါ လာဘ်စားတဲ့အလုပ်ကိုကျုပ်မလုပ်ဘူး
ပြီးတော့ ကျုပ်မှာ လစာအပြင်လုပ်ငန်းတွေလဲရှိတာ
ခင်ဗျားမသိတာမှမဟုတ်ဘဲ…ငွေမည်းတော့မယူပါရစေနဲ့
ကျုပ်ကဒီအလုပ်ကို စေတနာအရလုပ်တာ""ဟုတ်ကဲ့ပါ ဒါဆိုလဲ ကျုပ်ပြန်ပါဦးမယ်"
ဒီတစ်ခေါက်မြို့အုပ်ကမလွယ်ဘူး…အရင်နှစ်တွေရွေးကောက်တင်မြှောက်တဲ့မြို့အုပ်တွေအရေးပိုင်တွေက ပေးလို့လွယ်ပြီး ယူလို့လည်းကောင်းတယ်… ဒီမြို့အုပ်နဲ့မှသာ ကျုပ်စီးပွားက ယိမ်းယိုင်နေပြီလေ…
လူတချို့ကအမှန်တရားနဲ့ဓာတ်မတည့်သလိုညီမျြှခင်းနှင့်လဲဓာတ်မတည့်တက်ကြဘူး လာဘ်ပေး လာဘ်ယူတွေနဲ့သာအဆင်ပြေကြသည်။
အလုပ်စားပွဲမှာလဲစာရွက်စာတမ်းတွေများလာတာကြောင့်အလုပ်စားပွဲရှင်းကာ ခင့်ပုံလေးကိုလဲ စားပွဲပေါ်မှာသေချာပြန်တင်ထားလိုက်သည်။
ခင့်ဓာတ်ပုံဆိုလို့ ကျုပ်မှာဒီတစ်ပုံတည်းရှိတယ်
ဒါတောင်
ခင် ခြံထဲမှာထိုင်တုန်း ဖလင်ကောင်းကောင်းနဲ့ ဓာတ်ပုံသမားတစ်ယောက်ကိုငှားပြီး ခိုးရိုက်ထားရတာ…။*ခင်ရောအဆင်ပြေပါလေစ*
အတွေးတွေကခင့်ဆီရောက်သွားရင်အပြုံးတွေကပေါ်လာမြဲပါ ခင်ရနံ့သာဆိုတဲ့တချို့သောမိန်းမများထပ်ပို၍သာလွန်သော
ခင်ဟာ အင်မတန်မှရင်ခုန်စရာဖြစ်လေသည်။ အမျိုးသမီးများလို တန်ဖိုးနှင့်ဂုဏ်ရည်မပြည့်တာကြောင့် ခင်က ဆင်ခြင်ခြင်းထပ်ပိုဆင်ခြင်နေထိုင်ရသည်။
YOU ARE READING
ပန်းလေးလိုချစ်သူ (Completed)
Romanceခရေပန်းတွေရဲ့အဓိပ္ပာယ်က မေ့မသွားပါနဲ့တဲ့လေ...။ တစ်စုံတစ်ယောက်ကကိုယ့်ကိုမေ့သွားမှာကိုစိုးရိမ်မိတဲ့အခါတွေမှာ ခရေပန်းတွေကို ခင် ပန်ဆင်မိတယ်...။ ခင်ကဘာကြောင့်အချိန်တိုင်းခရေပန်းကိုပန်ဆင်နေရလဲဆိုရင်တော့ အစ်ကိုမေ့သွားမှာကို မလိုလားတဲ့စိတ်ကြောင့်ပါဘဲ ခရပေ...