Zawgyi code
"ချစ်လား အစ်ကို"
"ချစ်တာပေါ့ခင်ရဲ့ ကိုယ့်မှာက ခင်တစ်ယောက်တည်းရယ်"
"အစ်ကို့နားကမိန်းကလေးတွေရော သူတို့ကခင့်ထပ်လှတယ် ပိုက်ဆံလဲရှိတယ် "
"ကိုယ့်အတွက် ခင်ဘဲလိုတာ ဟောဒီကခင်လေးရှိရင်ရပြီ
ဘယ်မိန်းကလေးမှမလိုဘူး""ခင်က ကလေးလဲမမွေးနိုင်ဘူး"
"အဲ့ဒီကလေးက ခင့်အချစ်တွေကို တစ်ဝက်ခွဲပြီး ကိုယ့်ရဲ့ခင်ကိုလုမဲ့သူလေ မရလေကောင်းလေဘဲ"
"အစ်ကိုကတော့လေ"
ကျုပ်ရဲ့ခင်ကနေမကောင်းလို့စိတ်အားငယ်တယ်ထင်ပါရဲ့တစ်ခုပြီးတစ်ခုတွေးရင်းနဲ့စိတ်မကောင်းဖြစ်နေရှာတယ်…။
"အစ်ကိုအလုပ်သွားတော့လေ ခင်လဲပန်းကုံးသီတော့မယ် အစ်ကို့အတွက် အနွေးထည်လဲထိုးပေးမယ်"
"ခင်အကြာကြီးမလုပ်ရဘူးနော်....။ ကြည်သာ!!"
"ဟုတ်ကဲ့မြို့အုပ်မင်း"
"ခင့်ကိုဝိုင်းကူနော် အရမ်းလဲအကြာကြီးအလုပ်လုပ်မနေစေနဲ့…တစ်ခုခုဆို ဒေါ်ယဉ့်ကိုပြော ငါလဲပြန်လာမယ်"
"ဟုတ်ကဲ့မြို့အုပ်မင်း"
"ခင်...ကိုယ့်ကိုချစ်တယ်ဟုတ်စ"
"ဟုတ်"
"ကိုယ့်ကိုချစ်ရင်နေကောင်းအောင်နေရမယ်နော်
ခင်ကလိမ္မာတယ်""ဟုတ်ကဲ့"
ခင့်ကိုမှာတမ်းခြွပြေီးစိတ်မချပေမဲ့လည်းအမှုစစ်ရန်ရှိသေးသည်မို့အလုပ်လာခဲ့ရသည်။
"ဒီကလုံမပျိုတို့ တကယ်ဘဲ ညဉ့်ငှက်အလုပ်လုပ်ကြတာလား"
"ဟုတ်ပါတယ်"
"တခြားအလုပ်မလုပ်ချင်ကြဘူးလား"
"လုပ်ချင်တာပေါ့ မြို့အုပ်မင်းရယ် ဒါပေမဲ့မဖြစ်နိုင်ဘူး"
အမျိုးသမီးမဟုတ်သောအမျိုးသမီးများကကျုပ်မေးသမျှဖြေကြရင် ငိုကြပြန်သည်။
"တကယ်ဘဲ တခြားအလုပ်လုပ်ဖို့ စိတ်ကူးရှိရင် ကျုပ်ကူညီလို့ရပါတယ် ဒါပေမဲ့ ဒီအလုပ်မှဒီအလုပ်ဆိုရင်တော့ ပြစ်ဒဏ်တစ်ခုချမှတ်ရမယ်"
YOU ARE READING
ပန်းလေးလိုချစ်သူ (Completed)
Romanceခရေပန်းတွေရဲ့အဓိပ္ပာယ်က မေ့မသွားပါနဲ့တဲ့လေ...။ တစ်စုံတစ်ယောက်ကကိုယ့်ကိုမေ့သွားမှာကိုစိုးရိမ်မိတဲ့အခါတွေမှာ ခရေပန်းတွေကို ခင် ပန်ဆင်မိတယ်...။ ခင်ကဘာကြောင့်အချိန်တိုင်းခရေပန်းကိုပန်ဆင်နေရလဲဆိုရင်တော့ အစ်ကိုမေ့သွားမှာကို မလိုလားတဲ့စိတ်ကြောင့်ပါဘဲ ခရပေ...