Zawgyi code
"ဘာဖြစ်လို့လဲအစ်ကို"
"ခင်က အဲ့မှာထိုင်ပြီးမုန့်ဘဲစားမလို့လား ရော့ ဒါလေးနည်းနည်းသောက်ကြည့် ဒီလိုပွဲမျိုးဆိုတာသောက်ရတယ်…"
"အို.."
"သောက်ပါခင်ရဲ့"
ခင့်ကိုမကောင်းတာသင်သလိုဖြစ်သွားလားမသိပေမဲ့ကျုပ်အမျိုးသမီးလေးခင်ကဒီလိုနေရာမှာကျုပ်ကိုလွှတ်ထားနိုင်တာကတော်ရုံသမာဓိနဲ့မရတာမို့ ကျုပ်ကထိုသမာဓိကို ဖျက်ဖို့ရာ ဝိုင်နီအနည်းငယ် ခင့်ကိုတိုက်ရသည်။
*ထန်းရည်မူးမှကျွဲခိုးပေါ်တာဆိုပေမဲ့ ဝိုင်မူးရင်တော့ သဝန်တိုလောက်ပါရဲ့*
ကျုပ်ကတခြားယောက်ျားတွေလိုချုပ်ချယ်ခံချင်တာဒါပေမဲ့
ခင်ကထိုသို့မလုပ်ဘဲ လွှတ်ထားတတ်တော့ခတ်သားရယ်…။"ကို…ကို"
*ဘုရားဘုရား ကျွဲခိုးက ဒီဘဝတင်မဟုတ်ဘူး ဘဝလေးရာက
ခိုးသမျှ ကျွဲခိုးပေါ်ပြီဟေဟေး*ကျုပ်ကို ကို လို့ရုတ်တရက်ခေါ်လိုက်တဲ့ခင့်ကြောင့်ဆံပင်တွေပါထောင်သွားရပေမဲ့ဟန်မပျက်ပြန်ထိန်းကာ ပုံမှန်တိုင်းစကားပြောဖို့ကြံလိုက်သည်။
"ခင်ဒီမှာနေနှင့်ဦး ကိုယ်စိန်ကုန်သည် မြသောင်းတို့နဲ့စကားပြောစရာရှိတယ်"
"သွားနဲ့"
*အလိုလေ…တယ်ချစ်စရာကောင်းတာပါလား…
ငါတော့စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတော့သကိုး အဟားး*ခင်ကကျုပ်လက်မောင်းကိုဖက်တွယ်ထားရင်းနှုတ်ခမ်းလေးကိုထော်ပြီး ချွဲပြနေတာမို့ ရင်ထဲမှာကလိကလိနဲ့ တစ်ကိုယ်လုံးလဲ ပုရွက်ဆိတ်ကိုက်သလို ယားကျိကျိဖြစ်လာရသည်။
"သွားရမယ်ခင်ရဲ့ မသွားလို့မရဘူး"
"သိဘူး....ဒါဆိုလဲ ခင်လဲလိုက်မယ်"
ခင်လဲလိုက်မယ်တဲ့လေ…ကျုပ်ဘာပြောပြောခေါင်းညိတ်တဲ့အမျိုးသမီးငယ်လေးဆီကခေါင်းခါခြင်းက ကျုပ်ရင်ထဲရင်ခုန်တဲ့ တဒုတ်ဒုတ်မြည်သံကနေ ဆောက်လက်စ ရထားလမ်းပေါ်မှာ ရထားဖြတ်မောင်းမိသလို ဂလုံးဂလုံးဂလွမ်းဂလွမ်းတြွဖေစ်ကုန်တော့သည်။
YOU ARE READING
ပန်းလေးလိုချစ်သူ (Completed)
Romanceခရေပန်းတွေရဲ့အဓိပ္ပာယ်က မေ့မသွားပါနဲ့တဲ့လေ...။ တစ်စုံတစ်ယောက်ကကိုယ့်ကိုမေ့သွားမှာကိုစိုးရိမ်မိတဲ့အခါတွေမှာ ခရေပန်းတွေကို ခင် ပန်ဆင်မိတယ်...။ ခင်ကဘာကြောင့်အချိန်တိုင်းခရေပန်းကိုပန်ဆင်နေရလဲဆိုရင်တော့ အစ်ကိုမေ့သွားမှာကို မလိုလားတဲ့စိတ်ကြောင့်ပါဘဲ ခရပေ...