Part 20

1.4K 141 0
                                    

Zawgyi code

"ခင်ကသိပ်လှတာဘဲကွာ"

ကျုပ်မျက်စိထဲတော့ခင်ကလှတယ် ရူးလောက်အောင်လှတယ်မျက်နှာဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူးလေးရယ် လက်သွယ်သွယ်လေးပေါ်က သွေးကြောမျှင်လေးတွေရယ်နဲ့ အိုဗျာ…သိပ်ကိုလှတဲ့အလှတရားတစ်လိုပါဘဲ…။

ခင့်ကိုအိပ်ရာပေါ်မှာသေချာလှဲအိပ်စေပြီး ကျုပ်စိတ်တွေဂနာမငြိမ်တော့ဘူးမို့ ပါးမို့မို့လေးကိုတစ်ချက် နမ်းလိုက်သည်။

ခင်နဲ့ပတ်သက်ရင်အရာအားလုံးကိုစောင့်ထိန်းထားခဲ့ပေမဲ့ ဒီနေ့ကတော့ ခင့်အလှတရားမှာ စောင့်ထိန်းခြင်းတွေကမျောလွင့်ခဲ့ပြီမို့ ပထမဆုံးအကြိမ် အနမ်းခြွခေဲ့သည်။

*တကယ်လို့ဒီအနမ်းအတွက်ကိုယ်ကအပြစ်ရှိနေတယ်ဆိုရင်ခင်ပေးသမျြှပစ်ဒဏ် ကိုယ်ခံပါ့မယ်*

ခင်အိပ်ပျော်နေတုန်းအစ်ကိုကခင့်ကိုနမ်းတယ်…ခင်ရှက်လွန်းလိုအငွေ့ပျံတော့မယ်ဆိုပေမဲ့ အစ်ကိုကခင့်ရဲ့ ခင်ပွန်းတစ်ယောက်ဖြစ်နေတာကြောင့် ခင်ငြိမ်ပေးလို့ဖြစ်တယ်…။

*ခင့်ပါးကိုနမ်းတဲ့ပထမဦးဆုံးသောယောက်ျားကအစ်ကိုပါဘဲ*

ရင်ခုန်ခြင်းတွေနဲ့အိပ်စက်ရတဲ့လူသားနှစ်ဦးရဲ့မျက်နှာပြင်မှာသိပ်လှတဲ့အပြုံးတွေရှိနေတာ ဘယ်သူမြင်ပါလိမ့်…။

*ခင်ရော..*

ကျုပ်အိပ်ရာနိုးတော့ခင်က ကျုပ်ဘေးမှာရှိမနေအိပ်ရာရဲ့အေးစက်စက်အထိတွေ့ကြောင့် ခင်အိပ်ရာထသွားတာကြာနေပြီမှန်းသိရသည်။

*ခင်...ခင်ငါ့ကိုစိတ်ဆိုးသွားပြီလား*

"ခင်ရေ...ခင်ဘယ်မှာလဲ…ခင်"

"ခင်ဒီမှာအစ်ကို"

ခင်ကထုံးစံအတိုင်း ခရေပန်းကောက်နေပြန်သည်…။ကျုပ်ဖြင့်လန့်လိုက်ရတာ သူကတော့ ခရေပန်းကောက်နေသည်တဲ့လား…။ ခင်ကိုမြင်တော့ ကျုပ်ဖက်ထားလိုက်မိတယ် ကြည်သာရှိမှန်းသိပေမဲ့ ကျုပ်အမျိုးသမီးကိုဖက်တာ ဘယ်သူ့ကိုများဂရုစိုက်ရမလဲ…။

"အစ်ကိုဘာဖြစ်တာလဲ…ခင့်ကိုပြော"

"ဘာမှမဖြစ်ဘူး ခင်ကကိုယ့်ဘေးမှာမရှိလို့ လန့်သွားတာ"

ပန်းလေးလိုချစ်သူ (Completed)Where stories live. Discover now