"မမလေး မမလေး"
"အလန့်တကြားမိနွယ်ရယ် ခင့်အိမ်အပြန်ကိုလွမ်းနေသလားပဲ"
မိနွယ်ဟာစိတ်မရှည်သည့်ဟန်ဖြင့် အမောတကောပြောရှာသည်။
"နောက်မနေပါနဲ့ မမလေးရယ် အိမ်ထဲမာ မြို့အုပ်မင်းရောက်နေတယ် "
"မမလေးပြန်မရောက်သေးဘူးဆိုတာကိုအတင်းစောင့်မယ်တကဲကဲလုပ်နေတာ "ခင်ဟာကြားရသည့်စကားကြောင့်မျက်ခုံးနှစ်ဖက်တွန့်ချိုးသွားသည်။
"ဒီလူတွေဒီလူတွေ "
"ခင့်အိမ်ကိုဖြင့် ဝင်ချေထွက်ချေ
သာလာယံဇရပ်အောက်မေ့နေသလားပဲ"ခင်ဟာခပ်တိုးတိုးဆိုလျက် လက်ကိုင်အိတ်အား မိနွယ်ထံကမ်းပေးလိုက်သည်။
"စကားမပြောချင်လည်းပြောရအုံးမယ်ခင့်ဖို့ သံပရာရည်တခွက်သာ ဖျော်ခဲ့ပေး"
"ဟုတ်ကဲ့မမလေး "
မိနွယ်ဟာမီးဖိုးချောင်အထဲကုပ်ကုပ်ကလေးဝင်သွားသည်မလို့ ခင်သည်လည်းဧည့်ခန်းအတွင်းသို့ လျှောက်လာခဲ့သည်။
"ဘယ့်နှယ့်လဲ... မြို့အုပ်မင်းကြီးခင့်အိမ်ကို
လာရတဲ့အကြောင်း ပြောစမ်းပါဘိရှင်"ခါးမှ အင်္ကျီကိုဆွဲချလျက်ခြေချိတ်ထိုင်သည်။အနားရှိကျွန်းကုလားထိုင်အပေါ် သို့လက်ကိုထောက်သည်။ခင့်ပုံစံဟာပေါ့ပေါ့ပါးပါးသူ့အိမ်သူ့ရာသူနေချင်သလိုနေမည် ဆိုသည့်ပုံ။ဒီကြားထဲခင့်၏မူပိုင်မဲ့ပြုံးလေးကမပါမဖြစ်...
"ကိုယ်က ရှမ်းပြည်ဘက်သွားမှာမလို့ ခင်ကြိုက်တာ လေးတွေမှာလို့ရအောင်လာခဲ့တာ"
"ခင်ကိုယ့်ကိုဘာမှာချင်သလဲဟင်"ခင့်ကိုကြည့်ပီးအရောင်တလက်လက်ဖြစ်နေတဲ့မျက်လုံးတွေ ဒီယောကျာ်းတွေဟာ ခင့်အနားချဉ်းကပ်ဖို့ တစ်ခုမဟုတ်တစ်ခုအကြောင်းရှာကာလာနေသလား။