"ခင်"
"ခင်......လို့"
"ဘာလဲကွယ်"
"မောင့်ကိုစိတ်ဆိုးနေတုန်းလားဟင်"
"ခင်စိတ်မဆိုးတတ်ဘူး "
"ဒါဖြင့် ဘာလို့အဲ့ဒီ့လောက် မြန်မြန်ကြီးသွားနေရသလဲ....မောင်ဖြင့်မနည်းလိုက်ရတယ်"
"မလိုက်နိုင်ရင်နေခဲ့လေ ခင့်နောက်ကလိုက်ခဲ့ပါလို့မပြောခဲ့မိဘူး"
"ခင်ကလည်း........"
ပြောမရတဲ့အဆုံးခင့်ခြေလှမ်းအတိုင်း ခပ်မြန်မြန်လိုက်ရပေမည်။
ရုတ်တရပ် ခြေလှမ်းတို့ဟာရပ်တန့်ပြစ်လိုက်သလို အနောက်မှလိုက်ရသူဟာလည်း ရပ်တန့်ရပေသည်။"ဘာ ဘာဖြစ်တာလဲခင်"
"ဘာလို့များခင့်အနောက်ကလိုက်နေရသလဲ"
"ခင့်ကိုသတိရလို့လေ ခင်ကမြန်မြန်လျှောက်နေတော့ စကားတောင်အေးဆေးပြောမရဘူး"
"မလိုက်နဲ့တော့ ခင့်ကိုသတိရတယ်သာပြောတယ်တချက်မှလာမတွေ့ဘဲ ဒီစကားပြောရဲသလား"
"မဟုတ်ဘူးလေ မောင့်အလုပ်ကို ထပ်ချဲ့နေလို့ပါခင်ရဲ့ မောင်ပြောပြီးပြီလေအခုကစပြီး
ခင့်အနားမှာပဲနေသွားတော့မှာပါဆို""မလိုပါဘူး တော်ကြာ မာယာခင်တို့ကမြှူဆွယ်ထားတယ်ဆိုပြီး အိမ်အပေါ်ထိတက်အစော်ကားခံနေရအုံးမယ်"
"ခင်......."
"ခင့်နောက်ကမလိုက်ခဲ့နဲ့တော့ "
ခြေလှမ်းတို့ကိုသွက်သွက်ကလေးလှမ်းခဲ့သည်။အတော်အတန်ဝေးဝေးရောက်မှနောက်လှည့်ကြည့်၏။ခပ်ဆွေးဆွေးပြုံးပြန်လေသည်။
"စကားနားထောင်သားပဲ"
*********"ကဲဆိုပါအုံး မွေးပြီဆို "
"ဟုတ်ပါ့မမလေးရယ် မမလေးကိုပြောကာမှပဲ ကျွန်တော်အိမ်ပြန်ပြီး ခနနေတော့ သူဗိုက်နာလာတာပဲ "
"ရှိတာမှ ဒီလင်ဒီမယားရယ် ကျွန်တော်ပြန်လာတဲ့အချိန်မို့သာပေါ့ဗျာ မဟုတ်ရင်
ကျွန်တော့်မိန်းမဗိုက်အတော်နာနေမှာ""ဘာဖြစ်ဖြစ်မွေးသွားတော့ကောင်းတာပေါ့ဒါနဲ့ ဘာလေးတုန်း "
"ယောကျာ်းလေးမမလေးရဲ့ တလုံးတခဲကြီး ချစ်စရာကြီးဗျာ"