"ခင်ရေ ခင်!! "
"ဒီမာ ပန်းတွေ ခင့်အတွက် ""ခင် ခင်"
"ကျွန်တော်အရင်ယူလာတာခင်ရဲ့!"ခင်သည်ခပ်ယဲ့ယဲ့လေးပြုံးနေ၏။
ဒီနှစ်ယောက်မလည်းတွေ့တာနဲ့အမြဲပြိုင်ဆိုင်နေတော့တာပဲ။ ခင့်အပေါ်တော့ အသားမယူဘဲ ရိုးသားကြရဲ့။ဒါဟာ ကောင်းကွက်တစ်ခုမှန်းခင်သိပေမယ့် ပတ်ဝန်းကျင်ဟာ အဲ့ဒီ့လိုမြင်မည်မဟုတ်သည်ကိုလည်းသိ၏။"ကဲ မောင် စားလို့ပြီးပြီမဟုတ်လား ခင်ကူသိမ်းမယ်"
မောင်ဆိုသောမိန်းကလေးသည် တွေးဆမရ။
ခုနကပဲသူ့ကိုမောင်လို့မခေါ်ပါဘူးငြင်းလျက် အခုမောင်တဲ့လေ။ခင်ဟာအပြောင်းအလဲမြန်သည်။အရူးကွက်နင်းတတ်သည့်မိန်းမ။"ဒါတွေ ကျွန်မဆေးပေးမယ်"
"အို.....မဟုတ်တာ ခင့်အိမ်လာတဲ့ဧည့်သည်ကိုပန်းကန်ဆေးခိုင်းမှတော့ ခင်ရိုင်းရာကျပြီပေါ့"
"ထားခဲ့စမ်းပါကွယ်!မိနွယ်ဆေးလိမ့်မယ်"
ခင်သည်အိမ်ရှေ့သိုသွက်သွက်လေးလျှောက်သွားသည်။ထင်တဲ့အတိုင်း ဟိုယောကျာ်းသားနှစ်ယောက်က စကားနိုင်လုနေကြပြီ။
"ခင်ဗျားပန်းထက်ကျုပ်ပန်းကပိုလှတာ ခင်ကကျုပ်ပန်းတွေပဲယူမှာဗျ"
"အောင်မာ.... မင်းလိုပွဲစားအသေးစားလေးက ငါ့လိုမြို့အုပ်မင်းကိုယှဉ်နေသေး"
"ကြည့်နေ ခင်ကငါ့ပန်းတွေပဲယူမှာ""တွေ့တာနဲ့စကားနိုင်လုနေကြပြန်ပြီလား"
"နှစ်ယောက်စလုံးရဲ့ပန်းတွေခင်ယူမှာပါ"
"ရပီနော် အခု"ထိုအခါမှသာနှစ်ယောက်သားမျက်စောင်း
တထိုးထိုးဖြင့်အိမ်ထဲဝင်လာကြသည်။
ကျန်ရစ်သည့်မိန်းကလေးကတော့ ခင့်အား လာနှုတ်ဆက်သည်။"ကျွန်မ ပြန်အုံးမယ် အလုပ်တွေရှိသေးလို့"
ခင့်မျက်နှာဟာအနည်းငယ်ပျက်သွားပေမယ့်ချက်ခြင်းပင်ပြုံးပြပြန်သည်။ခင်ဟာသူ့အိမ်ကို လာစေချင်သည်လား၊သူ့အနားနေစေချင်တာလား ဒါမှမဟုတ် သူ့ကိုကစားနေသည်လားမတွေးတတ်။
"ပြန်လေကွယ် မောင်လဲအလုပ်ရှိမှာပေါ့ခင့်အိမ်မယ်ခေါ်ထားလို့ဘယ်ကောင်းပါ့မလဲ"