အပိုင်း(၁၅)

13.5K 973 7
                                    

"မောင်ပြန်ပြီနော်အချစ်ရေ"

"မောင်ခင့်ကို နာမည်ဘယ်နှမျိုးပေးထားသလဲ....မောင်ခေါ်သမျှက ချစ်စရာ"

"ခေါ်လို့ရသမျှ နာမည်တိုင်းကမောင့်မိန်းကလေးအတွက်ဖြစ်စေချင်တာလေ"

မောင်ဟာ ခင့်မေးစေ့ ကလေးအားကိုင်လျက် ကျီဇယ်နေသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ မောင်ပြန်မယ်ဆိုပြန်တော့ ထမင်းစားနောက်ကျနေတော့မယ်"

"ပြန်ပါပြီအလှလေးရေ"
မောင့်ကားကလေးခြံထဲမှထွက်သွားသည်ကို မျက်စိတဆုံးလိုက်ကြည့်နေမိ၏။ မောင့်ကြောင့်ဒီနေ့ပျော်ရွှင်လိုက်ရပါတယ်'မောင်"

"မမလေး"

"အမလေး !မိနွယ်ရယ် အလန့်တကြား"

"ဟိဟိ ဘာတွေအကြည်စိုက်နေပါသလဲနော် ဘယ်သူ့ကိုဆွေးနေတာလဲ"

'အို....ပေါက်ပေါက်ရှာရှာ "

"မနက်ဖြန်ပွဲရုံသွားဖြစ်မယ်နော် ခင့်ကို သတိပေးအုံး"

"အမလေး အံ့ဩတာတော် အပျိုကြီးတို့များ
ချစ်သူခေါ်ရာလိုက်ဖို့အရေး မနက်အစောဆုံးထ အလှတွေပြင် ဟော အလုပ်အလုပ်ဆိုတော့ "မိနွယ် ခင့်ကိုသတိပေးအုံး" တတ်လည်းတတ်နိုင်တယ် "

"ဟွန့်"

"ဘာလဲ မုန့်မစားချင်တော့ဘူးလား "

ခင်ဟာနှုတ်ခမ်းကလေးဆူလျက်အငယ်ကိုပြန်ချွဲချင်နေသည်။

"မဟုတ်ပါဘူး သခင်မလေးမာယာခင်အတွက် ဆိုအမြဲအသင့်သတိပေးဖို့ရှိနေပါတယ် လို့ပြောမလို့ပါ"

"အပြောနဲ့အလုပ်ညီပါစေနော်"
"ကြီးမြင့်ရော"

"အနောက်မှာ မမလေးဖို့ ကြက်သားပြုတ်ကြော်လုပ်နေတယ်"

"ဟုတ်ပြီ ခင်သွားလိုက်မယ်"

မီးဖိုချောင်အထဲ ထင်းထိုးရင်းအလုပ်ရှုပ်နေသည့်ကြီးမြင့်အား အနောက်မှဖက်လိုက်သည်။ ကြီးမြင့်ဆီက သနပ်ခါးအနံ့လေးသည် ခင်ငယ်ငယ်ကတည်းကအခုထိ စွဲစွဲမြဲမြဲမှတ်မိနေ၏။ချွေးတလုံးလုံးနှင့် ချက်ပြုတ်နေရသောကြီးမြင့်အား ခင့်မိဘနေရာမှာထားပါ၏။

"ခင်"Where stories live. Discover now