"မမလေးရေ "
"မမလေး မိနွယ်ဝင်ခဲ့မယ်နော် ""ကဲ အော်ကြီးဟစ်ကျယ် မိနွယ်ရယ် ခင်ဖြင့် ရေချိုးနေတာကိုအလန့်တကြားဖြစ်လိုက်တာ"
"မိနွယ် အပြင်ကပြန်လာတာခြံရှေ့နားမယ် မိန်းကလေးတယောက်က "ဒီယွန်းဘူးလေး
ခင့်ကိုပေးပေးပါ"ဆိုလို့ မမလေးဆီယူလာတာ""ထားခဲ့လေ ခင်နောက်မှဖွင့်ကြည့်လိုက်မယ်"
"ဒါနဲ့..... ထမင်းစားရင် အတူစားလှည့်ကွယ် မင်းဟာလေ ထမင်းမေ့ဟင်းမေ့ အလည်မက်နေတယ်"ခင့်စကားကြောင့်မိနွယ်ဟာ ဇတ်ကလေးပု၍ စပ်ဖြီးဖြီးပြုံးပြသည်။
"မမလေးကလည်း မိနွယ်က မမလေးမရှိတော့ပျင်းလို့ပါ ဟို...ပွဲရုံကမနက်ဖြန်မသွားရဘူးမို့လားဟင်'
ခင်ဟာအမြဲလိုပွဲရုံမသွားတတ်သည်ကိုသိ
လျက်နှင့်မေးပြန်သည်။"ဒါပေါ့ကွယ် တို့တွေမနက်ဖြန် မုန့်ဟင်းခါးချက်စားကြရအောင်ကြီးမြင့်ကိုမနက်စောစောကူချက်မယ်"
"မိနွယ်တို့က စားရဖို့ဆိုထိပ်ဆုံးကပဲမမလေးရေ ဟီးးဟီးး"
မိနွယ်ဟာလက်ခုပ်လက်ဝါးတီးလျက်ခုန်ပေါက်နေပြန်သည်။
"ကဲပါ အောက်မယ် ထမင်းကူပြင်ပေးလိုက်အုံး ခင်အင်္ကျီလဲပြီးဆင်းလာခဲ့မယ်"
"ဟုတ်ဟုတ် မမလေး ဟီးး"
"ဒီကောင်မလေးနှယ်...ဖြေးဖြေးမသွားဘူး"
ပြုံးပြုံးရွှင်ရွှင်ဖြင့်ဆင်းသွားသည့်မိနွယ်အားကြည့်ကာခင်ပါပြုံးမိလေသည်။ဒီအရွယ်အထိမိနွယ်ဟာကလေးတစ်ယောက်လို ၊ခင့်ညီမလေးတစ်ယောက်လိုသာမြင်မိနေသည်။ပတ်ဝန်းကျင်ကများမသိရင် တကယ်မိသားစုလို။ခင်ဟာ တွေးတွေးရင်းပြုံးနေမိသည်။
အတွေးတချို့ကိုဖြတ်ချကာခင်အဝတ်လဲပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။အပေါ်မှာဘယ်လောက်တောင်ကြာသွားသလဲမသိ။အပြင်ကကောင်းကင်ဟာ အုံ့မှိုင်းနေချေပြီ။
မိနွယ်သည်လည်းခင့်ထံနောက်တစ်ကြိမ်ရောက်ချလာပြန်သည်။"မမလေး ခြံရှေ့မယ် ညနေကမိန်းကလေးရောက်နေသေးတယ် "
" ညကြီးအချိန်မတော် ဒီမိန်းကလေးနှယ်"