အပ်ုင်း(၉)

14.2K 1.1K 12
                                    

"ဘယ်လိုလဲ ခင့်ပန်းတွေလှရဲ့လား"

"ခင့်ပန်းတွေကခင့်လောက်တော့မလှပါဘူး"
"ပန်းပျိုးတဲ့လူကလှလို့ ပန်းတွေလှတယ်ထင်ရတာ"

ခင်သည် ခပ်ယဲ့ယဲ့မဟုတ်ဘဲ စိတ်လိုလက်ရကို ပြုံးသည်။မောင်ဟာသူလိုရာကိုသိမ်းသွင်းနိုင်သည်။မောင်နှင့်သာဆို ခင့်မာနတွေမရှိလောက်အောင်ဖြစ်လေပြီ သို့သော် မောင့်ဆီမှာပျော်ဝင်ချင်သည် မောင့်ဆီမှာခင်မရခဲ့သောအချစ်တို့ကိုရယူချင်နေ၏။ မိန်းမသားချင်းပါလေ ဒါပေမယ့်မောင်ဟာ ခင်ချစ်တဲ့ မောင်ပါပဲ။အင်း ချစ်မိတယ်။

ကိုဘမောင်နဲ့မြို့အုပ်မင်းဟာအနောက်မှမတည့်အတူဖြင့်လိုက်လာခဲ့သည်။

"ဝုတ် ဝုတ်"

"ဝုတ်"

"ခြံရှေ့မှာဘယ်သူပါလိမ့်"

"နေနေနေ ခင်ကျွန်တော်သွားဖွင့်ပေးမယ်"

ကိုဘမောင်ဟာအပြေးကလေးပင်ခင့်ဆီကအမှတ်ရအောင်ယူနေသည်။ ဘယ်လောက်မှမကြာလိုက်ကိုဘမောင်နဲ့ အမျိုးသမီးနှဦးပါလာကြသည်။ဒါဟာခင့်အတွက် အဆိုးတွေ... အဆိုးတွေမှန်းခင်မသိခဲ့လို့ပါ။

"ဒီမယ်.... ညည်းက မာယာခင်ဆိုတာလား "

"ခင့်နာမည်ကိုသိနေရင်ဘာလို့ပြန်မေးနေသေးလဲရှင်"

"ညည်းရိုင်းလှချည်လား "

"ခင်မရိုင်းပါဘူး ခင့်ခြံထဲအထိဝင်လာပြီးမာရေကျောရေ လာမေးတဲ့ အမိတို့ကသာရိုင်းတာ "

ခင်ဘေးပတ်ပတ်လည်သို့ကြည့်မိ၏။
မောင့်မျက်နှာသည်ပြိုတော့မယ့်မိုးနှယ် ဖြစ် နေသည်။မောင်တစ်ခုခုကိုစိတ်ပူနေဟန်ရှိသည်။မောင်သည် ခေါင်းမမော့တော့ ခင့်ကိုလည်းမကြည့်တော့ ။
ကိုဘမောင်နှင့်မြို့အုပ်မင်းသည်လည်း ခင့်အသိထဲမရှိဖူးသော မိန်းမနှစ်ယောက်အား
ဘုကြည့်ကြည့်နေသလိုပင် ။

"ညည်းကငါ့သမီးကိုဘာတွေမြှူဆွယ်ထားလို့ ငါ့သမီးက ဒီအိမ်ကိုခနခနလာနေရတာလဲ မာယာခင်"

"ဘယ်သူ့သမီးလဲ"

"မောင်က ငါ့သမီးပဲ ညည်းဘေးမှာလေ "
"တကတဲ ဘယ်သူ့သားသမီးမှန်းမသိ အိမ်ထဲဝင်ထွက်ခွင့်ပြုရတယ်လို့ ဘေးမှာလည်းယောကျာ်းနှစ်ယောက်နဲ့ တတ်လည်းတတ်နိုင်ပါဘိတော်"

"ခင်ဘယ်သူ့ကိုမှမမြှူဆွယ်ဘူး! ခင့်အလှကို မက်မောလို့တဏှာနဲ့ချဉ်းကပ်လာကြတဲ့လူတွေချည်းပဲ အားတိုင်းယားတိုင်းမြှူဆွယ်မနေနိုင်ဘူး "
"ဒီကအဒေါ်ကြီးသမီးကခင့်အိမ်ကိုသူ့ခြေထောက်နဲ့သူဝင်လာတာ "

"ဟိုး....အရှေ့ကခွေးကလည်း အဲ့ဒီ့လိုဝင်လာတတ်လို့ကိုအစောင့်ထားထားတာ
ရှင်းသလား"

မောင့်အမေဆိုသည့်မိန်းမပြောသမျှကိုတခွန်းတလေမျှ ပြန်မပြောသည့်မောင်ဟာ ခင့်စကားအကြားမှ အံ့ဩသလိုအကြည့်နှင့်ကြည့်လာသည်။

ဘယ့်နှယ်လဲမောင် ခင့်ကိုမကာကွယ်ပေးဘူးလား။မောင်ခင့်ဘက်ကဝင်မပြောဘူးလား မောင် မောင် မောင်စိတ်ထဲကသာ မောင့်ကိုတနေလေ၏။ နှုတ်ကတော့မာကျောသည့် စကားတို့ကိုသာဆိုမည် ။ဒါဟာ ခင့်မာန ။

မောင်နှင့်တွေ့တာရက်ပိုင်းပါမောင် ခင့်မာနကမွေးကတည်းကပါလာတာ။
မောင်ခင့်ကိုမကာကွယ်ပေးရင်ခင့်ဘာသာကာကွယ်ရမှာပဲ။

"ညည်းဘာသာ ဘယ်လိုနေနေ ငါ့သမီးက ညည်းအိမ် ညည်းကြည်ဖြူလို့ဝင်လာတာပေါ့"

"ညည်းငါ့သမီးနဲ့ကင်းကင်းနေပါ မိန်းမချင်းဟယ် ယောကျာ်းတွေပဲမြှူဆွယ်စမ်းပါ "
"ဒါမှမဟုတ် ညည်း အတွက်ငွေလိုတယ်ဆိုလည်း ဒီမှာပေးခဲ့မယ်"

မောင့်အမေဆိုသောသူသည် ခင်ပုခုံးအား ပိုက်ဆံ များဖြင့်ပြန့်ကျဲသွားအောင် ပြစ်ပေါက်လေ၏။
မောင်သည် ခင့်အား အလန့်တကြားကြည့်၏
ထို့အတူ ဘေးကယောကျာ်းသားနှစ်ယောက်သည် ထိုအမျိုးသမီးအား ယောကျာ်းသာဆိုသူထိုးကိုယ်ထိုး....ဟူသောအကြည့်နှင့် ဒေါသထွက်နေကြသည်။မောင်ကတော့
အံ့ဩစမြဲသာ တုတ်တုတ်မျှမလှုပ်။

"ငွေ......"

"ဒီကနေခင့်ခြံပေါက်ဝအထိ အေးအေးဆေးဆေးပြန်မလားဒါမှမဟုတ် ဘေးကမြို့အုပ်မင်းနဲ့ ဒီကအဒေါ်ကြီးတို့ကို အချုပ်ထဲပို့ပေးရမလား"

"အမလေး မောင်! ကြည့်စမ်း! ဒီဟာမရိုင်းနေတာကို ဒီလိုမိန်းမမျိုးကိုသမီးမို့လို့ပတ်သတ်တယ်"

"လာစမ်း!!အိမ်ပြန်မယ် နောက်ဒီကိုမလာနဲ့"
မောင့်အမေဆိုသောအမျိုးသမီးသည်မောင့်အားလက်မှဆွဲလျက်ခေါ်သွား၏။
မောင်သည်ခင့်ကိုလှည့်မကြည့်ပါ။
မောင်သည် ခင့်ကိုမကာကွယ်နိုင်ခဲ့။
မောင်သည်နောက်ဆုံးအချိန်အထိနှုတ်ဆိတ်နေခဲ့သည်။

အရှက်တကွဲထိုနေရာမှာဆက်မနေချင်သဖြင့်
အိမ်အထဲပြေးဝင်မိသည်။ခင့်ပါးပေါ်ကမျက်ရည်တွေ ၊အေးစက်စက်အခန်းထဲ ပြေးလာမိသည်။ ကိုဘမောင်တို့ မြို့အုပ်မင်းတို့ပြန်သလား၊ရှိနေသလား၊ ခင်မသိတော့
ခင်သိတာ ငိုချင်သည်။
16.2.2021

"ခင်"Where stories live. Discover now