"ခင်"
"မောင်"
ခင့်နှုတ်ဖျားမှအယောင်ယောင်အမှားမှားမောင်"ဟုထွက်မိသည့်အခါ ကိုဘမောင်တို့ အံ့ဩရပြန်သည်။
"သူကဘယ်သူလဲခင်"
ကိုဘမောင်နှင့်မြို့အုပ်မင်းခင်မျာနာမည်အစမ်းနဲ့မိန်းကလေးကြောင့် ခင့်ကိုပြန်မေးယူရသည်။
"ခင့်အသိပါ"
"အိမ်ထဲလာကြကွယ် အပေါက်ဝကြီးမယ်မြင်မကောင်းပါဘူး"
ခင့်စကားကြောင့်သုံးယောက်သားဟာ ကုပ်ကုပ်ကလေးဧည့်ခန်းအထဲထိလိုက်လာကြသည်။
" ဆိုပါအုံး ခင့်ဆီဘာကိစ္စလာကြသလဲ"
"ကျွန်မပေးထားတဲ့ပန်းတွေခင်ကြိုက်ရဲ့လားလို့လာကြည့်တာ"
"ပန်း"
"ပန်း"နှစ်ယောက်သား ပြိုင်တူအော်လျက်
သကောင့်သားနှစ်ယောက်မှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေရသည်။"ခင်ကကိုယ့်ကိုပန်းမှာထားတာလေ"
"ခင်ဘယ်နှယောက်တောင်ပန်းမှာထားတာလဲကျွန်တော့်ကိုတောင်မပြောဘူး"ကိုဘမောင်တယောက် သူဘာမှမသိရလေခြင်းဆိုပီးလူတကာလိုက်မေးနေရသည်။
"အို.... ခင်ကလမ်းကြုံလို့မှာလိုက်တာ မောင်ကသာမနက်အစောကြီး ဆိုင်းမဆင့်ဘုံမဆင့်လာပို့တာ"
ဒီတစ်ခါလည်း မောင်"လို့သုံးမိပြန်သည်။နာမည်ကမှမရိုးမသားပါဆို ခင်ဟာအယောင်ယောင်အမှားမှား ခနခနပင်ခေါ်မိနေသည်။
"ဘာဖြစ်ဖြစ်ခင်ရယ် နှင်းဆီပန်းတွေ ကိုယ်ယူလာပေးမယ်နော် ခင့်အတွက်အလှဆုံးတွေ....ဟာကွာ...ကြာပါတယ် ကိုယ်အခုသွားယူလာခဲ့မယ်"
"ဟေ့လူ! ခင်ဗျားယူရင်ကျုပ်လည်းယူမှာပေါ့ဗျ"
"မင်းဘာသာယူယူမယူယူငါကတော့ခင့်အတွက် အလှဆုံးပန်းတွေယူခဲ့မှာ သွားပြီဟေ့!"
ထိုင်ရာမှခပ်မြန်မြန်ထလျက် အိမ်အပေါက်ဝသို့တကျိုးထဲပြေးသည်။ဒါဟာမြို့အုပ်မင်းမှဟုတ်ပါလေစွ။
"ဟာ ခင်ဗျား....ခင် ခနပဲစောင့်နော်
ကျွန်တော်ပိုလှတဲ့ပန်းတွေယူခဲ့မယ်"