အေးစက်စက်ကြမ်းပြင်၏အထိအတွေ့
မောင်...မောင်ခင့်မာနကိုချိုးဖျက်ခဲ့ပြီ။ချစ်တယ်ဆို မောင်ကချစ်ပါတယ်ဆို မောင့်မေမေ ငွေနဲ့ပစ်ပေါက်ချိန်မောင်ဘာတခွန်းမှဝင်မပြောခဲ့ပါလား ...မောင်ရပ်မြဲရပ်နေတယ်။ ဒီကနေ့တော့ငိုမည် မောင့်ကို မေ့မည် ခင်မေ့နိုင်တာပေါ့ ။
"မမလေး မမလေး "
"မမလေး......တအားငိုမနေနဲ့အုံးနော်"
"မိနွယ်မမလေးကြိုက်တဲ့ဟင်းချက်ထားမယ်သိလား အငိုတိတ်ရင်ဆင်းခဲ့နော်"မိနွယ်ဟာအလည်သွားရာမှပြန်ရောက်သည်ထင်သည်။ ကြီးမြင့်သည်လည်းဈေးသွား
သဖြင့်ဒီအကြောင်းတွေသိမည်မဟုတ်။ ဘာဖြစ်ဖြစ်မိနွယ်နဲ့တွေ့ရင်တော့သိပေတော့မည်။အခုလည်း ခင်ငိုနေမှန်း သိ၍လာပြောလေသည်....ခင့်အခန်းထဲတော့သူမဝင်ရဲပေ။
မတ်တပ်ရပ်ကာ ဝရံတာသို့ ထွက်မိ၏။
မျက်နှာသို့တိုးဝှေ့လာသောလေတချို့ နှင့်အတူ ခင့်စိတ်များပေါ့ပါးလာဟန်ရှိသည်။
ကောင်းကင်ကိုတွေးတွေးဆဆကြည့်လိုက်သည်။"ခင့်မာနတွေနဲ့ဖုံးထားရတဲ့ နှလုံးသားက......
နုတယ်မောင်ရဲ့"သက်ပြင်းဖွဖွချကာ ရေချိုးရန်ပြင်ရမည်။
ခနနေဆိုလည်းကြီးမြင့်ပြန်ရောက်လိမ့်မည်ထင်၏။ သိကုန်ရောပေါ့ ။ခနတဖြုတ်ရေချိုးပြီးအပြင်သို့ထွက်လာခဲ့သည်။ခင့်စိတ်များပေါ့ပါးချင်သည်။ခေါင်းတစ်ခုလုံး အုံခဲနေသည်။
"ခင်ရေ..... သမီး ဘယ်သွားမလို့လဲကွယ်"
"ဟိုနားဒီနားပါ ခင့်ကိုစိတ်မပူပါနဲ့ကြီးမြင့်ရဲ့"
"အိမ်စောစောပြန်နော်သမီး"
ခင် ပြုံးပြကာလှည့်ထွက်လာခဲ့သည်
ဟုတ်မည် သူမမွန်းကျပ်နေပြီလေ။ခင့်စိတ်တွေအားကုသပေးနိုင်မည့်နေရာ သွားရလိမ့်မည်။"လူတွေ လူတွေ လူတစ်ယောက်ကိုအပေါ်ယံကြည့်ပြီးဆုံးဖြတ်တတ်တဲ့လူတွေ......
သိပ်မုန်းတာပဲ"
ခပ်ဆွေးဆွေးရေရွတ်၏။ကျယ်ပြန့်သော ပန်းခင်းတစ်ခု၊
နှင်းဆီရဲရဲ ....ခင်စိတ်ညစ်ဝမ်းနည်းအားငယ်တတ်တိုင်းထိုနေရာသို့လာတတ်သည်။အများအမြင်မှာတော့ခင့်အားနည်းချက်တွေကိုထုတ်ပြလို့မှမဖြစ်ဘဲ။