"ခင်တကယ်ကြီးခွေးမွေးလိုက်တာပေါ့"
"ဒါပေါ့ကွယ် ခင့်အိမ်ကို ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နေတဲ့လူတွေရန်ကကာကွယ်ဖို့လေ"
ခင်သည်ခပ်စွာစွာကလေးပြန်ပြော၏။
"ဒါဖြင့်အခု အစစ်ဆေးခံပြီးပြီးဆိုတော့ ကျွန်မ အိမ်ထဲဝင်လို့ရပြီမလား "
"မရလည်းဝင်လာမှာပဲမလား ခင်သိပါတယ်"
"ဒါဆိုဝင်ပီနော်"
ခင်နှင့် ထိုမိန်းကလေးသည် အိမ်ထဲသို့ ခပ်သုတ်သုတ် ဝင်လာကြ၏။ခင်မဝင်ချင်လည်းဝင်ရမည်။ဒင်းက ခွေးကိုရှောင်လျက် အတင်းပင် အိမ်သို့ လျှောက်နေသည်။"ထိုင်ကွယ်... မင်းဘာသောက်မလဲ"
"တော်ပါပီ ခင့်မျက်နှာမြင်ရတာနဲ့တင်အမောပြေပြီ"
"အပိုတွေ "
"ခင်ကျွန်မကိုဘယ်တော့အဖြေပေးမှာလဲဟင် ကျွန်မခင့်ဆီက တိကျတဲ့အဖြေတစ်ခု လိုချင်ပြီ"
"မင်းအရှေ့ကပြောထားတဲ့လူတွေတောင်မစဉ်းစားတာ မင်းက ဘာလူတန်းစားမလို့
စဉ်းစားပေးရမတုန်းရှင်""ကျွန်မကခင့်ရဲ့အကြည်ဓာတ်ကလေးလေ"
"အို....ပေါက်ပေါက်ရှာရှာ"
"ခင့်ကို ကျွန်မပဲပိုင်ချင်ပြီ"
"ပိုင်ရအောင်ခင်ကအရုပ်မှမဟုတ်တာ "
"ခင့်ကိုကျွန်မပဲချစ်ချင်တယ် ခင်ကလည်းကျွန်မကိုပဲ ချစ်စေချင်တယ်"
ခင့်ရဲ့မဲ့ပြုံးတစ်ခုသည် ယခုအခါ ဘယ်မှာမှရှာမတွေ့ ။ခင်သည်နှစ်နှစ်ခြိုက်ခြိုက်ပြုံးသည်။ခင့်စိတ်ကိုမည်သူမှနားမလည်နိုင်။
"ခင်ဘယ်သူ့ကိုမှချစ်သူမတော်ဖူးဘူးကွယ် "
"အချစ်ကဘယ်လိုလဲဆိုတာလည်းခင်မသိဘူး ခင်မင်းနဲ့ချစ်ကြည့်လှည့်မယ်"ခင့်စကားဟာအတည်လား၊ကျီဇယ်နေသည်လား မသဲကွဲပေမယ့် မောင်ဟာ မြူးမြူးကြွကြွဖြစ်နေသည်။
"တကယ် တကယ်နော်ခင်"
"ခင်ကျွန်မကိုအဖြေပေးတာပေါ့နော်""ခင်ကချစ်ကြည့်မယ်ပဲပြောတာရယ် အဖြေမပေးဘူး"