မောင်နှင့်အတူ ရှုပ်ပွနေသည့်အခန်းအသစ်အားသိမ်းဆည်းရသည်။ ကွဲရာရှရာများဖြင့်သွေးစို့နေသော မောင့် လက်ဖဝါးအား ဆေးထည့်ပေးရအုံးမည်။ မောင်ဘာကြောင့်ဒေါသကြီးရသလဲ။
"မောင်""ဟင်"
အငိုမျက်လုံးတို့ဖြင့်မော့ကြည့်လာပြန်သည့်မောင့်အား အပြစ်မဆိုရက်ပေ။"မောင့် နာမည်ကဘာလို့ မောင်'ဖြစ်နေသလဲလေ "
"ဒါလား ဖေဖေ့နာမည်က ဦးမောင်မောင်လွင်လေ "
"မောင်ငယ်ကအထိဖေဖေတို့က နာမည်ပေးဖို့မစဉ်းစား မိဘူးတဲ့ မောင်က ဖေ့ဖေ့ကို မြင်တိုင်း မောင် မောင် နဲ့ ခေါ်နေရာက လူတိုင်းက မောင့်ကို မောင် လို့ခေါ်လာကြတာရယ် "
"အဲ့ဒီကတည်းက မောင့်နာမည်ဟာ မောင်ပါသတဲ့""အို....မောင်တေများပါဘိ "
"မောင့်စကားကိုနားလည်ဖို့မကြိုးစားချင်ဘူး ရှုပ်လိုက်တာ"
"မောင့်မိန်းကလေးကတကယ်ချစ်စရာ"
"လူကြီးကိုဘာချစ်စရာလဲ"
မောင်ဟာသူမကိုပြုံးပြုံးလေးသာစိုက်ကြည့်နေသည်။မောင့်အကြည့်တို့သည် စူးရှသည်။ မျက်လုံးချင်မဆိုင်ရဲပေ။"မောင်အဲ့သလိုမကြည့်နဲ့"
"မောင်တောင်ဒီလောက်ချစ်နေရင် တခြားသူတွေ ခင့်ကိုဘယ်လောက်ထိချစ်နေကြမလဲ"
"တွေးမိရင်စိတ်တိုစရာပဲ""အဲကွယ်....ခင်မှအဲ့သလိုချစ်တာကိုမသာယာနေပဲမောင်ရယ် ခင့်ကိုယုံကြည်ကွယ်"
~~~~~~~~~~~"ခင်"
"ခင်ရေ"
'ဘယ်သူလဲကွဲ့ အိမ်ရှေ့က"
"ကြီးမြင့် မောင်ပါ ခင်ရှိသလားဟင်"
"အော် သမီးလာကွယ် အိမ်ထဲကို"
"ဟုတ်"
"ခင်လေးက ဒီအချိန်မနိုးသေးဘူးကွယ်"
" ဒီကလေးမက ညအတော်နဲ့မအိပ်ဘူးလေကွယ် ရောက်တတ်ရာရာတွေးနေတာ
ညဥ့်နက်မှအိပ်တယ်""သမီးသာသွားနှိုးလှည့် "
"ဟုတ်ကြီးမြင့် မောင်အပေါ်ထပ်တက်သွားလိုက်မယ်"
"အေးအေး"
ကြီးမြင့်နှင့်စကားပြောပြီးအိမ်အပေါ်ထပ်သို့တက်လာရသည်။ ခင့်အခန်းတံခါးကို တွန်းဖွင့်မိလျှင်ကို အမွှေးရနံ့သင်းသင်းကလေးသည်နှာဖျားသို့ရိုက်ခတ်မိ၏။ ကုတင်ပေါ်၌ကျောပေး၍အိပ်နေသောအမျိုးသမီးအား သူမအတော်အကြာရပ်ကြည့်နေမိသည်။
မေးရိုးသွယ်သွယ် နှင့်အသားဖြူသော အမျိုးသမီးသည် အသက်ပုံမှန်ရှုကာ
လှဲလျောင်းနေသည်။
ခက်ထန်သော မျက်နှာအမူယာရှိသော်ညား
ပိုင်ဆိုင်ထားသည့်အပြုံးလှလှကြောင့်ချစ်ခင်သူမနည်းလှပေ။
မျက်နှာပေါ်က ဆံနွယ်တို့ကိုအသာအယာသပ်တင်ပေးမိသော်ကား လူးလွန့်၍နိုးလာသည်။