"ရှေ့လျှောက်မောင့်အချစ်တွေနဲ့ပျော်အောင်ထားမှာမလို့ မောင့်ကိုပဲယုံပြီး မငိုပါနဲ့မောင့်အချစ်ရယ်"
"ချစ်တယ်မောင်"
"မောင့်မိန်းကလေးကိုပိုချစ်ရပါတယ်"
"မောင်ထမင်းစားခဲ့လား "
"မစားရသေးဘူး အိမ်ချက်ခြင်းဝယ်ဖြစ်လိုက်တာနဲ့မအားဘူး ပြီးတော့မောင့်အချစ်ဆီ ချက်ခြင်းအရောက်လာပြောလှည့်တာ"
"မောင့်အချစ်ကရော"
"စားမလို့ပါပဲ စားချင်စိတ်မရှိအောင် လာလုပ်သွားတာ"
ပြောရင်းငိုချမိပြန်သည်။ထွက်သွား ပြီးမှတော့ သံယောဇဉ်တွေထပ်မလိုချင်တော့ဘူးလေ။ တစ်ယောက်ပြီးတယောက် အနာကိုလာဆွနေသလိုပင်။"ရော်...ခက်ပြီ မငိုရဘူး "
"မောင့်ကိုကြည့် ""မောင့်မိန်းကလေးက သန်မာပါတယ် ဒီလိုငိုနေတာကမောင့်အချစ်ပုံစံမှမဟုတ်ပဲ"
"မျက်ရည်တွေမကျနဲ့တော့ "
"အဲ့ဒီ့မျက်ရည်တွေအစား အပြုံးလှလှကလေးတွေပဲမောင်မြင်ရချင်တယ်"
"မောင်ကအပြောကောင်းတယ်"
"မောင့်မိန်းကလေးအတွက်ပါ"
"ဒါဖြင့်ထတော့ ထမင်းစားရအောင်"
ခင်ဟာရုတ်တရပ်ပင်မောင့်လက်ကိုဆွဲသည်။
"မစားချင်တော့ဘူးဆို"
"စားမယ် မောင့်စကားတွေကြောင့်စားချင်သွားပြီ"
"ဟောရယ်...... အမျိုးမျိုးပဲဒီမမလေးက"
"ထ!ဆို မောင်"
"နေအုံး မောင်က အပြင်ကကျော်တက်ခဲ့တာလေ အောက်လူတွေကတစ်မျိုးထင်နေကြအုံးမယ် "
မောင့်စကားကြောင့်ခင်ဟာစိတ်မရှည်တော့ပေ။ခါးကိုထောက်လျက် ထိုင်နေသူအားစိုက်ကြည့်သည်။
"မောင်မရှည်နဲ့ ထဆိုထ""ထပြီထပြီ လာ...ဖက်အုံးမယ်"
"မောင်တအားလက်ရဲဇာတ်ရဲပဲ....အရမ်းအသားယူနေတာ"
"ဟုတ်လား ဘယ်သူလဲ"
"မောင်ပေါ့ အသက်ငယ်ငယ်နဲ့
တစ်ခါတလေမယ်ဘောင်းဘီဝတ်ပြီးခြံတံခါးကျော်တက်တဲ့မိန်းကလေး"
မောင်အပိုထပ်မဆို ။မျက်စောင်းတစ်ချက်သာပို့၏။ ထို့နောက် မောင်နှင့်အတူ အောက်ထပ်သို့ဆင်းလာခဲ့သည်။