အပိုင်း(၂၀)

12.3K 876 12
                                    

"ဘာရယ်...သိက္ခာ"

"ဒီလိုတွေဖြစ်မယ်မှန်းသိလို့ခရီးကအမြန်ဆုံးပြန်လာခဲ့တာ မြင်ရတာကရင်ဝကိုစူးနဲ့ထွင်းသလိုပဲ သိပ်ပျော်နေသလား"

"ခင်ပြောတာကို မောင်အရင်နားထောင်ကြည့်
ဘာအတွက်လာကြသလဲဆိုတာကိုရော မောင်မမေးတော့ဘူးလား"

"ဘာမှလည်းမသိချင်ဘူး မောင်ကကင်းအောင်နေပါဆိုရဲ့နဲ့ အိမ်ပေါ်ထိခေါ်ထားသပေါ့ ဟုတ်သလား"

မောင်ဟာခင့်အား ရွဲ့စောင်းနေသည်။မောင့်မျက်နှာဟာခက်ထန်လျက်ရှိသည်။

"မောင့်စကားတွေက ခင့်သိက္ခာကိုဘယ်လောက်ထိ ထိခိုက်နေသလဲ မောင်သိရဲ့လား"

" သိက္ခာသာရှိရင်အဲ့ဒီလူတွေကဒီအိမ်ထဲကထွက်လာပါ့မလား"

" ကောင်းပြီ....ခင်မရှင်းပြနိုင်တော့ဘူး
မောင့်စိတ်အတိုင်းသာထင်"

"မာယာခင်ဆိုတဲ့မိန်းမကမာနနဲ့သိက္ခာကိုဘယ်တော့မှအထိအခိုက်အခံဘူးမောင်"
"မောင်ဖြစ်နေတယ်ဆိုရင်တောင်မှပဲ"

မောင်ရှိရာကိုကျောခိုင်း၍သာအိမ်ရှိသို့လျှောက်လာခဲ့သည်။ ဒီတစ်ခါတော့ သူမမျက်ရည်မကျပါ။ဟုတ်သည် မောင်စွပ်စွဲသမျှခံပြင်းစိတ်၊ဒေါသတို့သာရှိသည်။သူမသိက္ခာကိုစော်ကားသည့်မောင့်အားလည်း
မမုန်းနိုင် ။‌သို့သော်ညား ။
"မပျော့ညံ့တော့ဘူးမောင်"
"ချစ်နေလို့အလျော့ပေးခဲ့ယုံပဲ အခုလိုတွေဖြစ်လာမှတော့ အချစ်ကိုမာနနဲ့ဖုံးရလိမ့်မယ်"

*****
ချစ်ရသူဆီ အလုပ်တို့ကိုအပြီးဖြတ်ကာအမြန်ပြန်လာခဲ့သော်လည်း မြင်လိုက်ရသည်က ယောကျာ်းသားနှစ်ယောက်နှင့်ပြုံးရွှင်နေသောမျက်နှာ။
တစိုက်မတ်မတ်ကြည့်နေသော်ညား ကိုယ့်ကိုမမြင် ထိုလူနှစ်ယောက်အား အပြုံးတို့ဖြင့် လက်ပြနှုတ်ဆက်၍ငေးနေသေးသည်။
အလိုမကျမှု၊ဒေါသတို့ကား အသားတဆတ်ဆတ်ပင်တုန်သည်။ဝေးရာနေပါပြောထားသော်လည်း အခုလိုမြင်ရသည့်အခါထိုအမျိုးသမီးအား ပို၍ရင်မောရပြန်သည်။
"မောင်မဆုံးရှုံးပါရစေနဲ့လား"
"မောင်တို့ကမိန်းမသားနှစ်ယောက်ဖြစ်တဲ့အတွက်မောင်ပိုလို့ရင်မောရပါတယ်လေ"
"ဘယ်အချိန်မှာမောင့်ထက်သာတဲ့တော်တဲ့ယောကျာ်းတွေ မောင့်မိန်းကလေးကိုလာချစ်ကြမလဲဆိုတာ မတွေးရဲလောက်အောင်ပဲ"
~~
မောင်နှင့်သူမစကားများအပြီး တပတ်တိုင်အောင်ရောက်မလာခဲ့။ဘေးခြံတွင်လည်း မောင်မရှိဟုထင်သည်။တစ်ခါတလေပြန်လာတာတွေ့ရပေမယ့် သူမကိုမြင်လျှင်ည်း အကြည့်စူးစူးတို့ဖြင့်သာကြည့်နေတတ်၏။
သူမပွဲရုံသွားချင်စိတ်မရှိပဲစိတ်လေခဲ့သည်မှာအတော်ကြာပြီ ယနေ့တော့မသွားလို့မဖြစ်‌ ပေ။
အတွေးများစွာဖြင့်လေးကန်သောခြေလှမ်းများနှင့်အတူထွက်လာရသည်။
"မမလေး ဒီမှာအိတ်"

"ခင်"Where stories live. Discover now