မနက်ခင်းအစနေရောင်ခြည်ဖျော့ဖျော့ အောက်ဝယ် ပန်းခင်းလေးရဲ့အလယ်...နှင်းဆီပန်း တို့အား ကိုင်တွယ်
နမ်းရှိုက်နေသောမိန်းမပျိုတစ်ဦး။
လှရက်လေသည်သို့သော်ညား အေးစက်သည်။
"ခင် ""မြို့အုပ်မင်း......"
"မလာတာကြာပေါ့ရှင်""ဟုတ်တယ်ခင် ကိုယ်လာချင်ပါတယ် ဒါပေမဲ့ ခင့်ပတ်ဝန်းကျင်မှာ သတင်းတွေထွက်မှာစိုးလို့"
"အားနာပါတယ် အဲ့ဒီ့နေ့က ကိစ္စအတွက်ပေါ့ရှင်.....ခင့်ကြောင့်နဲ့ မြို့အုပ်မင်းတို့ပါသမုတ်ခံခဲ့ရတယ်လေ"
"ကိုယ်အဲ့သလိုမတွေးပါဘူးခင်ရယ် အခုလာတာက လည်းခင့်စိတ်ထဲ ရှင်းရှင်းလင်းလင်း နေနိုင်အောင်ပါ"
"ကိုယ်နဲ့ .."
"ဘာဖြစ်သလဲ ချစ်ရသူတွေ့ပြီလား
မြို့အုပ်မင်း"မြို့အုပ်မင်းဟာခင့်ရှေ့အနေခက်နေဟန်ရှိပြီးလည်ဂုတ်အားပွတ်သတ်နေသည်။
"ကိုယ်နဲ့ ဟိုတောသားလေးနဲ့က ရည်းစားတွေဖြစ်နေကြပြီ ခင်ရဲ့"
"တောသားဆိုတာက ခင့်စိတ်ထင်
ကိုဘမောင်ကို ပြောသလားလို့""ဟုတ်ပါတယ် သူပါပဲ"
"မတည့်တော့လည်းတအား အခုတည့်ကြပြန်တော့လည်း ဒီလိုအခြေအနေတွေဖြစ်နေပြန်ပါကောလား"
ခင်သည်ထိုအကြောင်းအရာအားဘယ်လိုမှမနေ။သိပ်ပြီးအထူးအဆန်းသဖွယ်အံ့ဩခြင်းလည်းမပြု။လူတစ်ယောက်ကလူတစ်ယောက်ကိုချစ်တာပဲ ဘယ်လိုပဲဖြစ်နေပါစေ ကြားထဲမှာအချစ်ဆိုတဲ့အရာကလေး နူးညံ့တဲ့
မေတ္တာဓာတ်ကလေးရှိနေရင်ရပြီမဟုတ်လား။"ကိုယ်ပြောရမှာလည်းအားနာပါတယ် ခင့်ကိုချစ်ရေးဆိုထားတာလေး မရှိသလိုထားလိုက်ရအောင်ပါ"
"ခင့်စိတ်ထဲဘယ်လိုမှမနေပါဘူး နောက်ပြီး
ခင့်မှာလည်းချစ်ရသူရှိနေပြီ""ခင့်ချစ်ရသူကိုကိုယ်တော့သိချင်ပြီ"
ခင့်လိုမိန်းကလေးကိုရတဲ့ယောက်ျားကတော့ဘယ်လောက်ထိကံကောင်းလိုက်သလဲ""ယောကျာ်းသားမဟုတ်ပါဘူး
မြို့အုပ်မင်းရဲ့"" ယောကျာ်းမဟုတ်ဘူးဆိုတော့ ခင်လည်း ကိုယ်တို့လို"