ခင့်ကားလေးသည် ပွဲရုံသို့ရောက်လာခဲ့သည်။ကားကို နေရာတကျထိုးပြီး အိတ်ကလေးဆွဲလျက် ခင့်ခြေလှမ်းများအားအင်မဲ့စွာ ပွဲရုံအတွင်းဦးတည်နေသည်။
"မမလေး လချုပ် စာရင်းတွေရယ် ပဲအသစ်စာရင်းတွေရယ်ရပြီ"
"ဒါတွေခင့်အလုပ်ခန်းထဲလာထားပေးနော် ပီးတော့ ကိုသန်းမြင့် ဆန်အိတ်တွေတချက်သွားစစ်ပေး"
"ဟုကဲ့မမလေး"
ပွဲရုံသို့ရောက်တာနဲ့ခင်အလုပ်များရလေပြီ။ သုံးနိုင်ဖြုန်းနိုင်တယ်ဆိုပေမဲ့ အလဟဿမဖြစ်စေလို.....ခင့်အလုပ်ကိုကြိုးစား၏ မလာလျင်ရသော်ညားလည်း ခင်ဟာ အလုပ်ကိုသာစိတ်နှစ်၍ရောက်အောင်လာ၏။ဒါကြောင့်လည်းခင်ဟာတွေးရခက်တာပဲ။
တစ်နေကုန် စာရင်းတွေနဲ့လည်ပတ်ပြီး ထမင်းစားချိန်မအား ညနေမှသာ ခင့်ပြန်ချိန်ရသည်။
"ကိုသန်းမြင့်ရေ "
"ဗျာ မမလေး""ခင်ပြန်တော့မယ်အဲ့တာ ကိုသန်းမြင့်က မပြန်ခင် ရုံတစ်ပတ် ပတ်ကြည့်ပေးလှည့်အုံးပီးရင်တော့ကိုသန်းမြင့်လည်းစောစောပြန်ကွယ် အိမ်ကအမျိုးသမီးကကိုယ်ဝန်လရင့်နေပြီမဟုတ်လား'
"ဟဲဟဲ ဟုတ်တယ်ဗျ အခုတလောကလေးကတအားကန်တာ"
"မွေးခါနီးရင်တော့ခင်ခွင့်ပေးမယ်လေ
ဇနီးသည်အနားနေပေးပေါ့ အခုတော့ပွဲရုံပတ်ပီးမှပြန်""ရပါတယ်မမလေးရ ကျွန်တော်လုပ်နေကြပါ"
"ဒါဖြင့်....ခင်ပြန်တော့မယ်"
"ဟုတ်ကဲ့မမလေး"
"အင်းအပြန်မိနွယ်ဖို့ မုန့်ဝယ်ရမယ်လမ်းကြုံမှပဲဝင်ဝယ်လိုက်တော့မယ်"
ခင့်ကားကလေးသည်အိမ်အပြန်လမ်းမှ
တရွေ့ရွေ့ ယနေ့ဖို့မောင်နှင့်ပတ်သတ်သမျှကိုအလုပ်နှင့်မေ့ထားနိုင်သည်မဟုတ်ပါလား။"မိနွယ်ရေ"
"မမလေးပြန်လာပီ ကြီးမြင့်ရေ"
"ရော့မုန့် ညနေ ရုပ်ရှင်ကားကြည့်ရင်း
အကုန်မစားပစ်နဲ့ နောက်နေ့မျက်နှာငယ်နဲ့ဖြစ်နေမယ်""မိနွယ်သိပါတယ်မမလေးရဲ့ ဟီးး"
"ခင်ရေ သမီးမရှိတုန်း ဟိုကနေ့ကပန်းစိုက်ပေးတဲ့သူလာသွားသေးတယ် "