အခန်းကျဉ်းလေး၌လူနှစ်ယောက်တိတ်ဆိတ်စွာထိုင်နေကြသည်။
မောင်သည်သူမအား စကားမပြောတော့သလို သူမသည်လည်းမောင့်အားကြည့်မနေခဲ့။"ကြင်နာသလိုနဲ့ နာကျင်အောင်လုပ်ပြသွားတာ မောင်သိပ်တော်တယ်"
"........"
မောင်သည်သူမအားကြည့်နေခဲ့ပါ၏။စကားတခွန်းမှ ပြန်ပြောခဲ့သည့်မောင်ဟာ သူမအား ငေးရုံသာရှိပါ၏။"စီးကရက်မသောက်နဲ့မောင်မကြိုက်ဘူး"
"မောင်မကြိုက်တာကို သိလိုက်ရတော့ ပိုလို့တောင်သောက်အုံးမယ်"
"မင်း"
"ပြောသားပဲကွယ်"
"ဖောက်ပြန်တတ်တဲ့ မိန်းမက စီးကရက်သောက်တတ်ပါတယ်ဆိုနေ""မင်းမောင့်စကားကိုနားထောင်လို့မရဘူးလား ဘယ်တော့မှလဲ!"
"ဒေါသကြီးလိုက်တာရှင်ရယ် စကားနားထောင်ရအောင် ကလေးငယ်လဲမဟုတ် "
"မောင့်အလိုကျလည်းနေခဲ့ပြီးပြီ.....အခုတော့ ခင့်အလိုကျပဲနေရတော့မယ်ထင်ပါရဲ့"
သူမမျက်နှာအားအကဲခတ်နေသည့်မောင့်အား မျက်နှာလွှဲမိသည်။ မောင်ဘာတွေထပ်ပြီးလောဘတက်အုံးမလဲလေ။ရုတ်တရပ်မောင်ဟာ သူမပုခုံးနှစ်ဖက်အားဆုတ်ကိုင်ခဲ့သည်။မောင့်မျက်နှာသည် စိတ်လှုပ်ရှားနေသည်လား ။မောင့်အသားတို့တုန်ရီနေသည်။
"ခင် ..ခင်"
"မောင့်မိန်းကလေးကလေ "
"မောင့်ကို ချစ်တယ်မလား ဟင် မောင့်ကိုပဲ ချစ်တာမလား""မချစ်ဘူး ကျွန်မကဖောက်ပြန်နေတဲ့ မိန်းမ"
"မောင့်ကွယ်ရာမှာ လည်းကျွန်မဖောက်ပြန်နေတာလေ""မင်း မောင့်ကိုတကယ်မချစ်ဘူးလား"
"အိုမချစ်ပါဘူးဆို ရှင်ရယ် "
"မချစ်ဘူး ""ဒါ ဒါဆို မနက်က ဟိုလူက"
"ဟုတ်တယ် ကျွန်မသူနဲ့ဖောက်ပြန်နေတာ"
"မာယာခင်!"
သူမပခုံးအား ဆုပ်ကိုင်ထားသောမောင့်လက်တို့သည် တင်းကျပ်လာခဲ့သည်။
မောင့်မျက်နှာသည်ဖြူဖျော့နေချေပြီ။
မော့င်မျက်လုံးတို့သည်အရင်လိုမစူးရှနိုင်။"မင်းမောင့်ကိုမရွဲ့စမ်းနဲ့"
"မရွဲ့ပါဘူး ကျွန်မကဖောက်ပြန်နေတာပဲ"