"ကိုသန်းမြင့်ကို အားလည်းနာ ခင်ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး"
"ရပါတယ်မမလေးရယ် သူ့အကြောင်းကျွန်တော် သိပါတယ် အမြဲလူတကာကိုအဲ့ဒီ့လိုပဲ "
"ခင်စိတ်မကြည်နေလို့ ဒီနေ့တော့ပြန်တော့မယ်"
"အလုပ်တွေက ကိုသန်းမြင့်ပဲ ဆက်လုပ်ထားပေးပါ အခုတလောတော့ ပွဲရုံကိုမလာနိုင်ဘူးထင်ပါရဲ့""ရပါတယ်မမလေးရယ် အလုပ်ပါးရင်တော့ ကျွန်တော်တို့အလည်လာခဲ့ပါ့မယ် သားလေးကိုလည်းခေါ်ခဲ့မယ်"
"ဟုတ်ပါပြီရှင် "
သူမသည်ယခုအချိန်လွန်စွာမှစိတ်ရှုပ်ထွေးနေချေပြီ။သူမအားမောင်စွပ်စွဲသည့်အတွက်လား ၊မောင်အထင်လွဲမည်စိုးသည့်အတွက်လား မသဲကွဲချေ။
ကားကိုလမ်းဘေးချရပ်ကာ ဈေးဆိုင်မှ စီးကရက်တစ်ဘူးကိုဝယ်ခဲ့သည်။
ယခင်က စီးကရက်မသောက်ဖူးသော်ညားယခုအချိန်တွင်စမ်းသောက်ကြည့်ချင်သေးသည်။ သူမစိတ်တွေထွေပြားနေသည်။မောင့်အားအပြစ်တင်ရမည်လား ၊သူမကိုယ်သူမအပြစ်တင်ရမည်လား။အိမ်သို့ပြန်ရောက်လျှင် မိနွယ်သည်အပြေးအလွှားပင်လာကြိုလှည့်သည်။သို့သော်ညားအရင်လိုမတုံ့ပြန်နိုင်ချေ။စိတ်မကြည်ဘူးမဟုတ်ပါလား။
"မိနွယ်""ရှင်မမလေး "
"အိတ်မသယ်နဲ့ "
"အပေါ်ထပ်ကိုခင်မခေါ်ဘဲမတက်ခဲ့နဲ့""ဟုတ်ကဲ့"
နာနေသောခြေထောက်တဖက်အားမသိကျိုးပြုကာ အခန်းရှိရာသို့တက်ခဲ့သည်။
သူမအိမ်ကလူတွေသည်ထိုတစ်ချက်တော့ အလိုက်သိတယ်ဆိုရမည်။ သူမစကားမပြောချင်လျှင် တိတ်ဆိတ်နေတတ်ကြသည်။
ကောင်းတာပဲလေ။အခန်းရှိရာသို့ရောက်လျှင်လက်ဆွဲအိတ်ကိုအသာယာချကာ ဝရံတာသို့ ထွက်ခဲ့သည်။
လက်ထဲတွင် ကိုင်ထားသော စီးကရက်
တစ်လိပ်အား မီးညှိကာ နီဆွေးသောနှုတ်ခမ်းဖြင့် ဖိကပ်ထားမိ၏။ စီးကရက်အငွေ့တို့ အဆုတ်ထဲထိရောက်သွားလျှင်ပဲ ချောင်းဆိုးလာရသည်။သူမစီးကရက်အငွေ့ကိုမုန်းသည်မဟုတ်ပါလား။လွန်စွာမှအသန့်ကြိုက်သောသူမသည် စီးကရက်အငွေ့ ရှုမိသည်ကိုပင်
တစက်ကလေးမှမသတီသို့သော်ညား ယခုအချိန်မူ သူမစီးကရက်သောက်ရတာကိုပင်နှစ်သက်နေချေပြီ။မှုတ်ထုတ်လိုက်သောအငွေ့တို့နှင့်အတူ မောင့်ကိုသတိရစိတ်တို့ပါသွားလျှင်ကောင်းမည်။